ညက ရှန်ချွမ်ရွေ့ကို ဖုန်းဆက်ပြီး 'ငါဘယ်လိုလုပ်ရမလဲမေးတော့' ခွေးလေးက ဘာပြန်ပြောနေတယ်မှတ်လဲ!

'ကင်မ်ထယ်ရယ်နဲ့ စာသင်ရတော့မယ် မအားဘူး' ဆိုပြီး ဖုန်းချသွားတာဗျာ! အစစ အရာရာ ဒုက္ခရောက်ပါစေ သူငယ်ချင်းရေ လို့ ဆုတောင်းချင်စိတ်က တစ်ဖွားဖွား။

ခေါင်းထဲ စာကလွဲ တစ်ခြားအတွေးတွေကို ဟိုတွေး ဒီတွေးရင်း အချိန်ကုန်သွားလိုက်တာ နားချိန်တောင်ရောက်သွားပြီ။

ဆိုတော့..ဒီနေ့လဲ ဟန်ယူဂျင်းရဲ့ခြေလှမ်းတွေ အနောက်ကို လိုက်ရဦးမှာပေါ့။



•Star-Crossed Lover•


"မင်း..ငါတို့အတန်းထဲက ဂယူဘင်းကို သိတယ်မလား"

"အင်း သိတယ် နောက်ဆုံးတန်းမှာ ထိုင်တဲ့တစ်ယောက်"

အခုပေါင်းနေတဲ့ သူငယ်ချင်း ဟွမ်ဝန်း က ယူဂျင်းကိုမေးတဲ့အခါမှာ ယူဂျင်းက သူ အဲ့နာမည်ကို သိကြောင်း နို့ဗူးကို မော့သောက်ပြီး ဖြေလိုက်တယ်။

" သူနဲ့ မပေါင်းနဲ့ သူက နှစ်ကျလေ..နှစ်ကျတောင် တစ်နှစ်တည်းမဟုတ်ဘူးကွ! နှစ်နှစ်..စာမလုပ်လို့ကျတာပေါ့ကွာ..သူနဲ့သွားပေါင်းမိရင် ပေါင်းတဲ့သူပါ စာမေးပွဲကျလိမ့်မယ်"

ဟွမ်ဝန်း ရဲ့ ရှုံ့မဲ့စွာပြောလိုက်တဲ့ စကားကြောင့် ယူဂျင်းက ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ အဲ့လောက်တောင် စာမလုပ်လို့ နှစ်ကျကျန်ခဲ့တာလား။

ရုပ်ကလေးကို ကြည့်တော့ဖြစ် ကြောင်တောင်တောင်လေးနဲ့။ ဘယ်လို အသုံးမကျချက်ကြီးလဲလို့ ယူဂျင်းက ဂယူဘင်းကို ကဲ့ရဲ့စိတ်လေးဖြစ်သွားရတယ်။

ယူဂျင်းက စာအဲ့လောက်ထိကြိုးစားနေတဲ့သူမဟုတ်ပေမဲ့လို့ ဉာဏ်ကောင်းတော့ စာတော်သား။ ကင်မ်ဂယူဘင်းလို စာမလုပ်တဲ့သူတော့မဟုတ်ဘူးပေါ့။

အဲ့လိုစာမလုပ်ပဲ အလေလိုက်တဲ့သူနဲ့ ဝေးဝေးရှောင်ရမယ်လို့ ယူဂျင်းက ဦးနှောက်ထဲ အသေမှတ်ထားလိုက်တော့တယ်။

ကျောင်းဆင်းတော့ မေမေက လာမကြိုဖြစ်ဘူးဆိုတော့ ယူဂျင်းက ဘတ်စ်နဲ့ပြန်ရတော့မှာ။ ဘာဖြစ်လဲနော်..အရင်နေ့တွေတုန်းကတောင် ဘတ်စ်နဲ့ လာသေးတာပဲကို။

𝖲𝗍𝖺𝗋-𝖢𝗋𝗈𝗌𝗌𝖾𝖽 𝖫𝗈𝗏𝖾𝗋𝗌Où les histoires vivent. Découvrez maintenant