အခန်း (27) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ

Start from the beginning
                                    

လက်မြှောက်လိုက်ပြီး သူ့နှုတ်ခမ်းတွေကို ထိကြည့်လိုက်တယ်.....ဒီနှုတ်ခမ်းတွေနဲ့ ဆရာ့ရဲ့ခန္ဓာကိုယ်ကို နမ်းရှိုက်ခွင့်ရခဲ့မယ်ဆို.....သူမျက်ဝန်းတွေ နက်မှောင်လာပြီ......

ထိကိုင် တွေ့မြင်လိုက်ရတော့မှ သူ ဒီလူကို ဘယ်လောက်ထိလွမ်းနေခဲ့တယ်ဆိုတာ သိလိုက်ရတော့တယ်...ပထမအခေါက်တုန်းက အကြမ်းပတမ်းနဲ့ အရိုင်းဆန်ဆန်ပြုမူခဲ့တာကြောင့် ဒီဆရာရဲ့ အရသာကို သေချာမခံစားလိုက်ရဘူး.....ဒီတစ်ခေါက်တော့ ဖြည်းဖြည်းမှန်မှန် အရသာခံကြည့်ဖို့ ဆုံးဖြတ်ထားတယ်......ဒီလို အရသာရှိတဲ့စားကောင်းသောက်ဖွယ်မျိုးဆိုတာ သေချာအရသာခံပြီးသုံးဆောင်သင့်တယ်မလား??

လီဟုန်ရွှမ်း ရယ်မောလိုက်တယ်....ဒီဆရာကို သူ့အနားမှာ ဒီအတိုင်းခေါ်ထားလိုက်ရင်မကောင်းဘူးလား.....

ဒါကိုတွေးလိုက်မိချိန်မှာ တစ်သီတစ်သန့်နဲ့ အရာရာကို လျစ်လျုရှုထားတတ်တဲ့ လီဟုန်ရွှမ်းတစ်ယောက် မမျှော်လင့်ဘဲ တောင့်တလိုတဲ့ဆန္ဒတွေပေါက်ကွဲထွက်လာခဲ့တယ်....

ဒီဆရာ အခုထိ ထွက်မလာသေးတာ ကံဆိုးတာပဲ......

လီဟုန်ရွှမ်း နာရီတစ်ချက်ကြည့်လိုက်တယ်....နာရီဝက်ကျော်နေပြီ....ဘယ်သူမှ နာရီဝင်ကျော်အောင် ရေမချိုးတတ်ကျဘူး....

အေးစက်စွာရယ်မောလိုက်ပြီး ရေချိုးခန်းတံခါးကိုခေါက်လိုက်တယ်.....

"အခုထိမပြီးသေးဘူးလား??"

ရေစီးသံကလွဲရင် ဘာမှ မကြားရပေ....စိတ်မရှည်တော့တဲ့လီဟုန်ရွှမ်းက ရေချိုးတံခါးကို ဆွဲဖွင့်လိုက်တယ်.....

ဆရာ့တစ်ကိုယ်လုံး ရေစိုနေတယ်....ခြောက်အောင်မသုတ်ထားတဲ့ ဆံပင်တွေက နဖူးပေါ်မှာ ကပ်ညှိနေပြီး ရေစက်တွေက ပါးပြင်ပေါ်စီးကျနေတယ်.....အောက်ပိုင်းမှာ တဘတ်တစ်ထည်ပဲပတ်ထားတယ်....လှပသွယ်လှတဲ့ ​ခြေတံတွေရဲ့အဆုံးမှာရှိတဲ့ ခြေဖမိုးဖြူဖြူလေးတွေက အောက်ခင်းကြွေပြား အနက်ရောင်ပေါ်မှာ ပနံရလှပနေတယ်.....ဒါက အမှောင်ထုအလယ်မှာ လှပစွာဖူးပွင့်နေတဲ့ နှင်းကြာပန်းတစ်ပွင့်သဖွယ် မြင်သူတကာကို လှုံ့ဆော်နိုင်တယ်.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now