" အဒေါ် ခေါ်တယ်ဆို "

" သြော် အေး
ဒီည ဒီမှာအိပ်မှာလား မေးမလို့ "

" ဟုတ်အဒေါ် ဒီမှာပဲ အိပ်မှာပါ "

" ဇာခြည်ရော "

" သူက သူ့တပည့်လေးတစ်ယောက်နဲ့အတူ အိပ်ပါလိမ့်မယ် "

ဒေါ်လှက ကျွန်တော့်ကို သနားဂရုဏာသက်စွာနဲ့ကြည့်ရင်း သက်ပြင်းချ၏။ ကျွန်တော်နဲ့ အသက်အလွန်ကွာသောကြောင့် ဘာမှမပြောပဲ တစ်ဖက်သို့ လှည့်နေလိုက်သည်။ အဲ့နေရာမှာ တခြားတစ်ယောက်ဆို စိတ်တော့တိုမိမှာ အမှန်ပင်။

...........................................................

" ဒိတ်က ဘာလို့ဒီမှာမအိပ်တော့တာလဲ "

သိရက်နဲ့မေးနေသော မိုးကို ဇာခြည်စိတ်ပျက်မိသည်။

" မိုးရယ် ဒီအချိန်မှာ ငါ့ကို ဒါတွေမမေးပါနဲ့ "

" ငါတဲ့လား "

နှစ်ယောက်စလုံးရဲ့ ရင်ထဲသက်ပြင်းတွေချနေမိမှာ သေချာသည်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်မတို့ရဲ့ ဆက်ဆံရေးက အေးစက်လာခဲ့သည်။ ဒီနှစ်ယောက်က သိပ်မကြာခင် အတူနေကြရတော့မည်။

" ဟူးးးး "

" ဘာတွေ သက်ပြင်းချနေတာလဲ ဇာခြည် "

အခေါ်အဝေါ်လေးတွေကအစ မသိမသာ ပြောင်းလဲလာခဲ့သည်။ အရင်လို ပြန်နွေးဖို့ မဖြစ်နိုင်တော့ဘူးလား။

" ဘာမှမဖြစ်ပါဘူး "

" အင်း "

အခန်းလေးထဲ လုံးဝတိတ်ဆိတ်နေသည်။ နှစ်ယောက်စလုံးရဲ့ အတွေးထဲမှာတော့ တစ်ခုခုကို အဖြေရှာနေကြမည်။ နီးဖို့အတွက်လည်း ဖြစ်နိုင်သလို ဝေးဖို့လည်း တွေးချင်တွေးနေကြမည်။

" မိုး ပြန်တော့မယ်နော် "

" ဂရုစိုက်ပြန်နော် မိုး "

" ချစ်တယ် ဇာခြည် "

" ချစ်နေဆဲပါပဲ "

တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ပြုံးပြလိုက်သည်။ နှစ်ယောက်စလုံးရဲ့ မျက်ဝန်းတွေက ဖြူစင်နေပါသည်။ သူတို့တစ်ယောက်ကို တစ်ယောက် သိပ်ချစ်နေကြသေးသည်။

မမ ( Complete )Where stories live. Discover now