အခုအခြေအနေကိုကြည့်ရမယ်ဆိုရင်တော့ဖြင့် ညိုယံနဲ့အနီးတဝိုက်က ရာသီဥတုဆိုးရွားချင်သယောင်ယောင်။

“ဧည့်သည်လာတယ်!”

“ရနောင်လား…ကိုယ့်အစားတခေတ်ပြောထားပေးလို့ရမလား?…ခဏလေးလို့”

“ရနောင်မဟုတ်ဘူး…”

“ဟင်?”

“Robinတဲ့!!”

ကြည့်ရတာRobinဆိုတာ အရိုင်းကောင်ရဲ့အဆက်ဟောင်းဖြစ်လိမ့်မယ်ထင်တယ်…နာမည်ကြားတာနဲ့ တခေတ်ကိုမတွန်းတိုက်မိရုံတမယ် ပြေးထွက်သွားတာများ…*အဟွန်း*။ တော်တော်လွမ်းနေပုံရတယ် ဒီကောင်ကတော့!!

တခေတ် ပုံမှန်ဆို ဒီအရိုင်းကောင်ရဲ့ဧည့်သည်တွေလာတိုင်း အိပ်ခန်းထဲမှာပဲအနေများသည်။ ဧည့်သည်ဆိုတာကလည်း သူ့သူငယ်ချင်းရနောင်ဆိုသူလူသာ…ဒါတောင်မှ နှစ်ခေါက်လောက်ပဲလာဖူးသည်။

အခုတော့ တခေတ်တစ်ယောက် လုပ်ထုံးလုပ်နည်းတွေ မေ့ချင်ဟန်ဆောင်ကာ အနောက်က အသာလေးလိုက်သွားလိုက်၏။ ဘာဖြစ်လဲ?? သူတို့စကားပြောနေလည်း ကိုယ့်ဘာသာကို TVကြည့်နေမှာပေါ့…ကြည့်လက်စTVကြီးမှ မပိတ်ရ‌သေးတာ…*အဟင်း*။

တခေတ်ဧည့်ခန်းထဲရောက်တော့ စကားပြောနေကြတဲ့နှစ်ယောက်အား လျစ်လျူရှုသလိုလိုဖြင့် TVရှေ့ထိုင်ကာသာ ကြည့်ဟန်ဆောင်လိုက်၏။ ပါးစပ်ကလေးကိုလည်း အလုပ်ပျက်မခံနိုင်တာကြောင့် စားလက်စမုန့်ထုပ်လေးကျွေးထားလိုက်၏။ နားလေးကတော့  ပြောသူနှစ်ယောက်ထံသို့ စွင့်ကားလျက်…။

“တခေတ်”

အရိုင်းကောင်ခေါ်သံကြောင့် တခေတ် ချာခနဲလှည့်ကြည့်မိ၏။

ဘာလဲဆိုသောအထာနဲ့ ခေါင်းဆက်ပြလိုက်မိတော့…

“ခဏ…ကိုယ်မိတ်ဆက်ပေးမလို့…ရမလား??”

ရတယ်ဆိုတဲ့သဘောနဲ့ မထချင်ထချင် ပျင်းရိပျင်းတွဲ ထသွားပါလေသော တခေတ်။

တခေတ် ညိုယံထိုင်နေတဲ့ နှစ်ယောက်တွဲထိုင်ဆိုဖာပေါ်မှာ ညိုယံနဲ့ခပ်ခွာခွာထိုင်မလို့ပြင်ဆဲ အနားရောက်တာနဲ့ လက်ကိုဆွဲချလိုက်တဲ့ညိုယံကြောင့် ပေါင်ပေါ်ထပ်လျက်မကျရုံတမယ် အနီးဆုံးကပ်သွားရ၏။

AllUWhere stories live. Discover now