အခန်း၁ အပိုင်း၁

286 34 3
                                    

(Zawgyi)
အတုအ​ယောင်​ သခင်​​လေး
အခန်း၁
အပိုင်း၁(သူတို့ဘ၀အ​ကြောင်း)

ဖေ​ရှောက်​ချင်း :

ဖေ​ရှောက်​ချင်းက ​ဖေမိသားစုရဲ့ ဒုတိယသခင်​​လေးတစ်​ဦး
သူမကအခုမှအသက်​၂၀ပဲရှိ​သေးပြီး သူမမှာ ​သွေးမ​တော်​စပ်​တဲ့ အကိုချင်​​​ယောင့်​ထန်​လည်း ရှိသည်

ဖေ​ရှောက်​ချင်းက ဒီအကိုနဲ့ပတ်​သတ်​ပြီး နက်​နဲတဲ့ခံစားချက်​​တွေရှိသည်

ဖေမိသားစုက ​မြောက်​ပိုင်းနဲ့​တောင်​ပိုင်းနယ်​​မြေ​တွေက​တောင်​ မယှဉ်​နိုင်​တဲ့ မျိုးရိုးစဉ်​ဆက်​ အ​ရောင်းအ၀ယ်​လုပ်​ငန်းကြီးရှိသည်
အ​ရောင်းဝယ်​လုပ်​ငန်းဆို​သော်​လည်း ​ဖေမိသားစုတွင်​များစွာ​သော စီးပွား​ရေးလုပ်​ငန်းများရှိသည်
ဘဏ်​များ စား​သောက်​ဆိုင်​များ ​ကျောက်​မြတ်​ရတနာအ​ရောင်းဆိုင်​များ ​ရှေး​ဟောင်းပစ္စည်းဆိုင်​များ စသဖြင့်​များစွာပိုင်​ဆိုင်​သည်
များပြားလှတဲ့နယ်​​မြေကိုအုပ်​စိုးထားတဲ့ ကုန်​သွယ်​လုပ်​ငန်းကြီး​ကြောင့်​ သူ​ဌေးကြီး​တွေလို့ သူတို့ကိုသတ်​မှတ်​ခြင်းခံရသည်

လွန်​ခဲ့တဲ့နှစ်​များစွာက ငယ်​ရွယ်​တဲ့ဧကရီ​​လောင်းလျာ​က ငယ်​ရွယ်​တဲ့ဧကရာဇ်​ကိုလက်​ထပ်​တဲ့အချိန်​မှာ ၀တ်​ခဲ့တဲ့မင်္ဂလာဝတ်​စုံ​တွေက ​ဖေမိသားစုအ၀တ်​ဆိုင်​က လက်​ထွက်​​တွေဖြစ်​သည်
အနီ​ရောင်​ဘရိုကိတ်​​ပေါ်တွင်​ ဖီးနစ်​ဌက်​​ပေါင်းရာချီကို မတူညီ​စေဘဲအသက်​၀င်​​အောင်​ ဖန်​တီးခဲ့သည်​ ထိုကဲ့သို့သော တန်​ဖိုးမဖြတ်​နိုင်​သည့်​ ဘရိုကတ်​ကိုဖန်​တီးချုပ်​လုပ်​ခဲ့သည့်​ထို​ကျော်​ကြား​သောမိသားစုကို ဇကရာဇ်​က ​ရွှေတုံး​ထောင်​ချီကို ဆုချီးမြှင့်​ခဲ့သည်
ထိုမျှသာမက ​တော်​၀င်​တံဆိပ်​​တော်​ကိုပါ ချီး​မြှောက်​ခဲ့သည့်​အတွက်​ ​ဖေမိသားစုတို့အတွက်​ ပျားသကာရည်ေ​လာင်းထားသည့်​ ကိတ်​မုန့်​ကြိးတစ်​ဖွယ်​ဖြစ်​ခဲ့သည်

ဖေမိသားစုသခင်​ကြီးတွင်​ ဇနီး၂​ယောက်​ရှိသည်
ပထမဇနီးသည်​ ​ဖေမိသားစုကသ​ဘောတူကြည်​ဖြူစွာလက်​ခံသည့်​ ချမ်းသာကြွယ်​၀တဲ့မိသားစုမှမိန်းက​လေးဖြစ်​သည်
ဒုတိယဇနီးက​တော့ ​ဖေသခင်​ကြီးငယ်​စဉ်​ကတည်းက ချစ်​ကျွမ်းဝင်​ခဲ့သည့်​သူဖြစ်​ပြီး ​ဖေမိသားစုကအိမ်​​စေတစ်​ဦးဖြစ်​သည်
အရင်​သခင်​ကြီးသည်​ သူ့သားရဲ့အချစ်ဇာတ်​လမ်းကိုသိရှိ၍ ဘဏ်​ကိစ္စ​ဆောင်​ရွက်​ဖို့ ​ဖေသခင်​​လေး(ယခုလက်​ရှိ​ဖေသခင်​ကြီး)ကို တစ်​နယ်​တစ်​ခြားကို ​စေလွှတ်​လိုက်​သည်
ထို့​နောက်​ အိမ်​​စေကိုလက်​ထပ်​ထိမ်းမြှား​စေပြီး သူမနဲ့သူမခင်​ပွန်းကိုပါ အ​ဝေးကို​ ထွက်​သွား​စေသည်
ဖေသခင်​​လေးပြန်​လာချိန်​မှာ​တော့ သူမကိုအစအန​လေး​တောင်​ရှာမ​တွေ့​တော့​ပေ
နောက်​ဆုံး​တွင်​ ​ဖေသခင်​​လေးသည်​ အ​ဖေဖြစ်​သူဧ။်​စကားကိုနာခံ၍ ပထမဇနီးကို လက်​ထပ်​ထိမ်းမြှားခဲ့သည်

အတုအ​ယောင်​ သခင်​​လေး(Fake young master)Where stories live. Discover now