မြင်လိုက်တဲ့ ဖုန်းcontactကြောင့် ကိုယ့်ကိုယ် လှောင်ပြုံးလေးပြုံးကာ ထိုင်နေသည့်နေရာမှာပဲပြန်ထိုင်လို့
အဝေးမှာ ပါးမို့ကြီးတွေမို့တက်အောင် ပြုံးရင်းဖုန်းပြောနေသည့် ဝမ်ကို
ဒူးပေါ်လက်တင်မှေးထောက်ကြည့်နေလိုက်တယ်။ဝမ် မသွားဖြစ်တော့ဘူးလေ။သူသိနေတယ်။

ဒီလိုကြည့်တော့လည်း ဝမ်က အပြုံးကြီးကြီးတွေပြုံးတတ်သား။ဒီနှစ်နှစ် အင်းး....ပြောရရင် ဒီနှစ်နှစ်အတွင်း ဝမ် ဒီလောက်အပြုံးကြီးပြုံးတာ မမြင်ခဲ့ဖူးဘူး ။ဝမ်က ရယ်စရာဆိုရင်တောင် ပြုံးရုံတင်ပြုံးခဲ့သည်မို့။

"ဆောရီး ရှောင်း ငါ လုပ်စရာလေးပေါ်လာလို့ နောက်နေ့သွားစားကြတာပေါ့"

"ရပါတယ် ကိစ္စမရှိဘူး သွားလေ"

"ဒါဆို.....မွချ် ငါသွားပြီ..... "

ဝမ် မွှေးကြူသွားတဲ့ ပါးလေးကို ကိုင်ကြည့်ရင်း အစောကတည်းကမှိုင်းညို့နေတဲ့တိမ်က ရွာချလိုက်သည့်မိုးများနဲ့အတူ မျက်ရည်တွေလည်းပါသွားရင်ကောင်းမယ်လို့ အူကြောင်ကြောင်တွေးလိုက်မိသေးတယ်။မျက်ရည်လွယ်တတ်တဲ့အကျင့်ကိုတော့ပြင်ရဉီးမှာပါလေ ။မျက်ရည်လွယ်တယ်လို့ပြောရအောင်လည်း ရှောင်းကျန့် ကသူ့ရှေ့မှာ နာရေးပွဲဖြစ်လို့ အားရပါးရအော်ငိုနေကြရင်တောင် အော်ရယ်ချင်တဲ့အမျိုး ....ရှိတုန်းတန်ဖိုးမထားဘဲ သေ သွားတော့မှာအော်ငိုနေလည်း သေ သွားတဲ့လူကကြားမတဲ့လား။အဟက်....ထားပါလေ အဲ့တာလူတွေရဲ့သဘာဝပဲ......သူကတော့ ဝမ်နဲ့ပတ်သတ်ရင်ကို အထိခိုက်မခံတာပါ......

အပြင်ကရွာနေတဲ့မိုးစက်လေးတွေကိုခပ်တွေတွေငေးရင်း လက်ဖဝါးလေးခံကာ မိုးရေစက်လေးကိုခံစားတယ်။

မိုးဆိုလို့ အစောက ဝမ်ပြေးသွားတာ ထီးမပါဘူး။အိမ်ထဲကထီးအဝါနဲ့အကြည်ရောင်
ထီးလေးကိုအမြန်ယူကာ ဝမ်သွားရာလမ်းကြောင်းလေးအတိုင်း အပြေးလိုက်လို့ မှီလို မှီညားထီးလိုက်ပေးမိတယ်။

ဝမ် ထွက်သွားတာကြာနေပြီဆိုပေမယ့် နည်းနည်းလေးအရိပ်အယောင်မြင်ရလည်း ဖြစ်တယ်ဆိုသည့် စိတ်လေးနဲ့ပြေးလာတာ ဝမ့်ရဲ့condoရောက်တဲ့အထိ ။ဝမ့်ရဲ့ condoရောက်တော့ မိုးကစဲနေပြီ။ပြောသားပဲ သူကဝမ်နဲ့ပတ်သတ်ရင် အထိခိုက်မခံပါဘူးဆို....ဝမ့် condoရှိရာတိုက်ရဲ့အထဲကို မျက်လုံးကစားကြည့်စဉ် ပန်းစည်းအနီရောင်အကြီးကြီးကိုလက်ထဲမှာ ကိုင်ထားကာ အစောကသူမြင်ခဲ့တဲ့အပြုံးအကြီးကြီးတွေပြုံးနေတဲ့ဝမ်။

B O G(ZSWW)[Complete] Where stories live. Discover now