"ရှောင်းး မဆိုးနဲ့ "
"ဟာဗျာ မလုပ်ပါနဲ့ဆို...."
"ဟားဟားး ရှောင်းး!!"
အခန်းပြင်မှာ အထုပ်ကြီးငယ်ဆွဲလို့ရပ်နေတဲ့ကောင်လေးတစ်ယောက် ။passwordသိနေတာကြောင့် ဘဲလ်မတီးပဲ အံ့သြသွားအောင်supriseတိုက်မယ်ဆိုပြီးဝင်လာခဲ့တာ တကယ်တမ်းsupriseဖြစ်သွားတာ သူကိုယ်တိုင်ဖြစ်နေတယ်။အတိုင်းသားကြားနေရသည့်အထဲကအသံတွေက သူ့နှလုံးသားကိုအစိတ်စိတ်အမွှာမွှာ ကွဲစေနိုင်ဖို့လုံလောက်ပါရဲ့။အထဲက ချစ်ကြည်နူးတစ်တီတူးနေသည့်လူနှစ်ယောက်မသိအောင် အခန်းတံခါးကို အသာပိတ်ထွက်ခဲ့တယ်။သူ့ကြောင့် အနှောက်အယှက်မဖြစ်စေလို။
"ဝေးးး အထက်တန်း ပြီးပြီကွ!!!!"
"ကျောင်းပြီးပြီ!!!"
"အားးးးးးနောက်ဆုံးတော့လွတ်ခဲ့ပြီ!"
စာမေးးပွဲအခန်းထဲကထွက်ထွက်ခြင်းအလွန်ကိုပျော်ရွှင်စွာ အော်ဟစ်နေကြတဲ့ ကျောင်းသားကျောင်းသူများး။မွန်းကြပ်လွန်းပြီး အတားအဆီးတွေအရမ်းများတဲ့စည်းကမ်းချက်တွေကြားထဲ သူတို့မနေရတော့ဘူးလေ။
"ဝမ်! ဘယ်သွားမလို့လဲ"
လွယ်အိတ်ကိုယူပြီး..အတင်းပြန်ပြေးချင်နေတဲ့ ဝမ့်ကို လက်ကနေဆွဲကာ တားလိုက်တယ်။
"ငါအိမ်ပြန်တော့မယ်လေ"
"မင်းငါနဲ့လျှောက်မလည်တော့ဘူးလား"
"အာ... မင်းနဲ့ခနခနလျှောက်လည်နေကြပဲကို ဒီနေ့ငါ ဂိမ်းကစားဖို့ချိန်းထားတာ နောက်ကျနေပြီ သွားတော့မယ်"
"ငါနဲ့ ဒီနေ့တော့ လျှောက်လည်ပေးဉီးလေ နော် နောက်နေ့လည်း ဝမ်ဂိမ်းဆော့လို့ရတယ်လေ "
"ရှောင်းကျန့်ရာ မင်းအခုတလော ဘာလိုအဲ့လောက်ဂျစ်တိုက်နေတာလဲ ဟိုဟာလုပ်ချင် ဒီဟာလုပ်ချင်နဲ့"
"ငါနောက်ဆို မတောင်းဆိုတော့ဘူးလေ ဒီနေ့ ဒီနေ့ တစ်ရက်ငါနဲ့လည်ပေးနော်"
"မင်းနဲ့ နောက်နေ့မှတွေ့လည်းရတယ် ငါရဲ့ကိစ္စကပိုအရေးကြီးတယ်"
"ဝမ် ငါ့ကိုမနမ်းချင်ဘူးလား"
"ကျစ်.....မနမ်းချင်ဘူး...."
YOU ARE READING
B O G(ZSWW)[Complete]
Fanfictionရုန်းလေ နစ်လေ ဆိုတာသိပေမယ့် ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ တိုးဝင်ခုန်ချခဲ့တဲ့နွံလေးမို့ ဆက်တိုးဝင်နေဉီးမှာပဲ။ ZSWW//🐰🦁