"ခနလေးYeon ဟိုဘက်ကkim ပိစိလေးကအသံကိုပြဲနေတာပဲ ငိုတာ ကလေးတွေတစ်ခုခုများဖြစ်ကြလားမသိဘူး"
"ကိုသွားမေးလိုက်အုံးမယ်"
"Yeonလဲလိုက်ခဲ့မယ်"
"မိုးချုပ်နေပြီလေကွာ ကလေးကိုအပြင်မခေါ်ချင်ဘူး"
"ဟိုဘက်ခြံလေးတင်ပဲကိုရယ် ပြီးတော့ အပြင်ကသွားရတာလဲမဟုတ်ဘဲနဲ့ ကလေးတွေတွက်လုပ်ပေးထားတဲ့ ခြံထဲက တံခါးကနေသွားရင်ရတာပဲကို"
"ဟုတ်ပြီ ဟုတ်ပြီ မပြောတော့ဘူး လာလာ ပေးကို့ကိုကလေး"
ဟုတ်ပါတယ်ကျွန်တော်တို့ပြောင်းလာတုန်းကအဲ့လောက်မခင်ကြသေပင်မဲ့ ကလေးလေးစပြီးကိုယ်ဝန်လွယ်ထားရထဲက နှစ်ဘက်မိဘတွေကဆွေးမျိုးရင်းခြားတွေကဲသို့ပင်ခင်သွားခဲ့လေ ဘယ်ကနေဘယ်လိုခင်လဲတော့မသိပင်မဲ့ ကျွန်တော်အမျိးသမီးMrs.Parkနဲ့ kimပိစိလေးရဲ့အမေ Mrs.Kimတို့သည် သူများတွေမြင်ရင်ညီမအရင်းလို့တောင်ထိရအောင်အထိရက်ပိုင်းအတွင်းခင်နေကြလေပြီ အဲ့နောက်ပိုင်းကျွန်
တော်နဲ့Mr.Kimလည်းစကားစပြောရင်နဲ့အိမ်နီးနားချင်းမိတ်ဆွေတွေထက်ပိုခဲ့လေချင်ပင်။သူနဲ့ကျွန်တော်နဲ့ကလည်းအတွေးတူအကြံတူဆိုတော့ပိုအဆင်ပြေလေသည်။ အဲ့တာကြောင့် ကလေးလေးတွေက သားလေးတွေပဲဖြစ်ဖြစ် သမီးလေးတွေပဲဖြစ်ဖြစ်မွေးလာခဲ့ရင် အဖော်ရအောင် ဟိုဘက်ခြံ ဒီဘက်ခြံ ကူးရတာလွယ်အောင်ဆိုပြီး တံခါးလေးတစ်ချက်ဖန်တီထားလိုက်တာ အဲ့တာကအခုတော့အတော်ဖြစ်နေခဲ့လေပြီ။
.
.
.
.
.
"တီတောင်..တီ"
"ဒီချိန်ကြီးဘယ်ကလူတွေလဲကွာ နေပါအုံးခြံတံခါးဝကအသံတော့မဟုတ်ဘူး မောင်သွားကြည့်လိုက်အုံးမယ် ကလေးက အငိုမတိတ်ပါဘူးဆို ချစ်ရော့ကလေးကိုခနကြည့်ထားအုံးနော် မောင်တံခါးသွားဖွင့်ကြည့်လိုက်အုံးမယ်"
ကျွီ...
"ဟင်!"
"Mr.Park ဘယ်လိုဖြစ်...အို Mrs.Parkရော ကလေးရောပါတာပဲ မိုးချုပ်နေပြီးကိုကလေးကိုအပြင်ထုတ်ခေါ်လာရလားကွာ လာလာအထဲ "
"ချစ်ရေ ကလေးကိုခေါ်ပြီးဆင်းလာပါအုံး Parkသေးသေးလေးရဲ့ Appaနဲ့Ommaလာတယ်"
YOU ARE READING
~~~ မူပိုင်~~~ (Completed)
Part-2
Start from the beginning