"ဟုတ်ပါ့ရှင်"

"ဟားးဟားး"
.
.
.
**ရက်သက်တပတ်...**

ဒီနေ့ဟာ Kimပိစိလေးနဲ့Park ပိစိလေးတို့ရဲ့ လူ့လောကထဲရောက်လာတာ တစ်ပတ်တိတိရှိခဲ့လေပြီ။ဆေးနံ့တွေ့နဲ့မကင်းတဲ့ဆေးရုံဆိုတဲ့နေရာကလေ သူတို့လေးတွေကိုကြိုဆိုနေမဲ့ အိမ်ကလေးတွေဆီသို့ ဒီနေ့ဆို သူတို့ပြန်ပေတော့မည်

"မောင်ရေ ပစ္စည်းတွေသေချာစစ်နော် ကျန်ခဲ့မယ် ဆေးရုံကဟာတွေလည်းပါလာနေမယ်"

"ဟုတ်ပါပြီကွာ အေးဆေးထိုင်နေပါ မောင်ပဲလုပ်လိုက်မယ်"

"ကဲပြီးပြီ မောင်ကားထဲပစ္စည်းတွေအရင်သွားထည့်လိုက်အုံးမယ် ခဏစောင့်နော်"

"အင်း"

တဖက်က Parkမိသားစုမှာလဲ

"Yeonရေ ကိုပစ္စည်းတွေကားထဲသွားထားပြီး ပြန်လာခဲ့မယ်နော်လမ်းလျှောက်မလာနဲ့နော်ကိုwheelchairငှားလာခဲ့မယ်"

"အင်း..."

"အို...Mr.Park ပစ္စည်းတွေလာထားတာလား"

"ဟုတ်တယ်ဗျို့ ဒီနေ့ကျုပ်တို့ရဲ့ပျိုမဒီလေးတွေနဲ့ကျုပ်တို့ရဲ့ပိစိလေးတွေ အိမ်ပြန်ရတော့မှာမဟုတ်ပါလားဗျ ကျုပ်တော့ပျော်တယ်ဗျို့"

"ဟုတ်တာပေါ့ဗျာ ကဲအဲ့တာဆို wheelchairသွားငှားမလို့ ခင်ဗျားရောတစ်ခါထဲလိုက်မလား Mr.Park"

"လိုက်မယ်လေ ခဏနော် ကျုပ်ပစ္စည်းတွေထားပြီးအမြန်လာခဲ့မယ်"

"ရတယ်ရတယ်ဖြည်းဖြည်းလာ ကျုပ်ငှားထားလိုက်မယ်"

"ကျေးဇူးပါ"
.
.
.
"ဝိုးးးအပြင်လောကကြီးကစိမ်းလန်းနေတာပဲနော် ဟုတ်တယ်မှတ်လားMrs.Park"

"ဟုတ်ပါ့ရှင် ဆေးရုံနံ့တွေပဲရှူနေရလို့လားမသိဘူး အခုရှူလိုက်ရတဲ့လေလေးတွေက လက်ဆက်နေတယ်လို့ခံစားရတယ်"

"Kimပိစိလေးကြိုက်ရဲ့လား ဆေးရုံနံ့တွေမရှူရတော့ဘူးလေ"

Mrs.Kimသည် Kimပိစိရဲ့ ပါးမို့မို့လေးကိုလက်ကလေးနဲ့တို့ထိကအမေးထုတ်လိုက်တော့ kimပိစိလေးကလည်း သူ့အမေ့ကိုအပြုံးလေးနဲ့ ပြန်လည်ဖြေကြားလိုက်လေသည်။

~~~ မူပိုင်~~~ (Completed)Donde viven las historias. Descúbrelo ahora