"ဟုတ်ပါ့ဗျာ ကျွန်တော်လဲသမီးလေးမွေးရင်ဆွေမျိုးတော်ချင်နေတာ ကျွန်တော်ဇနီးကယောကျ်ားလေးမွေးတော့ Mrs.Kimသမီးလေးမွေးပါစေလို့ဆုတောင်းနေတာ ဆုတောင်းမပြည့်ခဲ့ဘူးဗျာ"
"ဟားး ဘာပဲဖြစ်ဖြစ် သူတို့လေးတွေလဲအဖော်ရသွားတာပေါ့ဗျာ"
"ဟုတ်ပါ့ဗျာ ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါအုံး မိန်းမကို အားသွားပေးလိုက်အုံးမယ်"
"Nae ဒါဆိုနောက်မှာဆုံကြတာပေါ့ Mr.Kim"
ကောင်းပါပြီ....
"မောင် ဘယ်တွေရောက်နေတာလဲ
စောင့်နေတာ"
"မောင်မှားပါတယ်ချစ်ရယ် သားလေးဆိုတော့အပျော်လွန်ပြီး Mr.Parkနဲ့စကားပြောနေလို့ပါ အော်သူတို့လဲ သားလေးပဲသိလား"
"ဟုတ်လား အဲ့တာဆိုချစ်တို့သားလေးအဖော်ရသွားတာပေါ့"
"ဒါပေါ့ ကျောင်းတက်လဲအဆင်ပြေတယ်လေ တကူးတကကြီးအဖော်လိုက်ရှာနေစရာမလိုတော့ဘူးပေါ့"
"အွန်းနော် Mrs.Parkရဲ့သားလေးကကြီးမှာပေါ့နော်"
"အွန်း နာရီပိုင်းလောက်ပဲကွာတာပါ..."
"သားလေးရေ ကြည့်ပါအုံး သားလေးကချစ်တိုင်းပဲချောလိုက်တာ"
"မောင်ကတော့ပိုပါပြီ အခုမှထွက်လာတဲ့ကလေးကိုလေ"
"ဟီးး..."
တစ်ဖက်မှာလဲ
"ကိုဘယ်တွေသွားနေတာလဲ သားလေးကသေးတွေစိုပြီးငိုနေတော့ အမေတို့ကလုပ်ပေးသွားရတယ်"
"အင်းပါ ကိုလဲ Mr.Kimကိုအဖော်သွားပြုပေးနေတာ Mrs.Kimမမွေးသေးလို့လေ"
"အော်ဟုတ်လား အခုရော"
"မွေးပြီ ယောကျ်ားလေးတဲ့ ချစ်စရာလေးသိလား ကလေးလေးက"
"သမီးလေးဆိုရင် ခမည်းခမက်တော်ရတော့မယ်ထင်နေတာ"
"သားလေးမွေးတော့လည်း ဘာဖြစ်လဲကိုရယ် တော်ချင်တော်လို့ရပါတယ်"
"ဟာ Yeonကလည်း"
"တော်တော် သားလေးရေ ဖေ့သားလေးရေ ကြည့်ပါအုံး သားလေးက ကိုနဲ့မတူဘူးလား"
ESTÁS LEYENDO
~~~ မူပိုင်~~~ (Completed)
Part - 1
Comenzar desde el principio