တစ်ဖက်ကKimမောင်နှံမှာလဲ
"ချစ်နားလိုက်အုံးလေ ပင်ပန်းနေရောပေါ့ သားလေးကို မောင်ကြည့်ထားလိုက်မယ်လေ"
"အွန်း အဲ့တာဆို ချစ်ခနလေးအိပ်လိုက်အုံးမယ်နော်"
"အွန်း ပင်ပန်းသွားပြီ *ပြွတ်*(နှုတ်ခမ်းကိုနမ်းတဲ့အသံပါ)*ရွှတ်*(လက်ကလေးကိုနမ်းတဲ့အသံပါ)"
အူဝဲ..အူဝဲ..အူဝဲ
သားလေးရေတိတ်ပါကွယ် Appaရဲ့ချစ်လေးမင်းရဲ့မေမေအိပ်နေတယ်လေကွယ် တိတ်ပါနော် တိတ်ပါနော်
အူဝဲ..အူဝဲ..
အော် အော် ဒီကkimပိစိလေးကAppaစကားနားမထောင်ဘူးပဲ မငိုရဘူးလေနော်
အူဝဲ..အူဝဲ..
မငိုပါနဲ့ သားလေးရယ်Appaလည်းငိုချင်လာပြီ ချစ်ရေမောင့်လည်းငိုချင်လာပြီ ကလေးကချော့လို့မရဘူးရော အဲ့လိုနှိုးပြီးပြောလိုက်ချင်ပင်မဲ့ မောင့်ချစ်လေးလည်းပင်ပန်းနေမှာပေါ့နော် (အီးးအီးး)Mr.Kimရဲ့ငိုသံပါ 😅
"ဟင် သားလေး အိပ်သွားပြီ တယ်တော်တဲ့ငါပါလား "
တစ်ဖက်Mr.Parkမှာတော့ Appaပိစိလေးကလိမ္မာလိုက်တာ ငိုဖို့မပြောနဲ့နိုးတောင်နိုးမလာဘူးပဲ ကာလနဂါးလေးများလား ချစ်စရာလေးအိပ်နေတာက
.
.
.
နောက်တစ်နေ့မနက်
"ကိုရေကလေးကိုအနှီးသေချာလေးလုပ်ပေးထားနော် Mrs.Kimတို့ဆီသွားမယ် Yeonအင်္ကျီလဲပြီးရင်"
"ဟုတ်ပါပြီး Yeonလေးရယ် ကိုသိပါတယ် Yeonလေးသာသေချာလုပ် ကလေးကိုအကုန်လုပ်ပေးပြီးပြီ ကိုwheelchairသွားငှားပြီးပြန်လာခဲ့မယ် ခဏစောင့်နော်"
.
.
.
ဒေါက်ဒေါက်
"ဘယ်သူများ..."
"အော် Mr.Parkနဲ့Mrs.Parkပါလား Parkသေးသေးလေးလဲပါတာပဲ လာကြလာကြ"
"ချစ်ရေ Mrs.Parkတို့လာတယ်"
"အို..Mrs.Parkအဆင်ပြေရဲ့လား ဒုက္ခများလို့ရှင် ဆေးရုံကဆင်းမှတွေ့ကြတာပေါ့"
"ရပါတယ်ရှင် ကျွန်မက Kimပိစိလေးကိုအရမ်းတွေ့ချင်နေလို့ ကလေးတွေကိုမိတ်ဆက်ပေးမို့ပေါ့ ဟားး"
"ဟားးMrs.Parkကတော့နောက်ပြီ kimပိစိလေးကအိပ်နေတယ် မောင်ရေ Mrs.Parkတို့ကိုစားစရာလေးလုပ်ပေးပါအုံး"
YOU ARE READING
~~~ မူပိုင်~~~ (Completed)
Part - 1
Start from the beginning