*98* ငါကအလှဆုံး

Start from the beginning
                                    

ကောင်းကင်ပေါ်မှာ အဖြူရောင်ပုံရိပ်တစ်ခုက ပျံသန်းလာ၏။

"အဲ့ဒါ ဘာပစ္စည်းလဲ"
ရုန်ယိ မိုးပေါ်ကိုအမြန်မော့ကြည့်လိုက်သည်။

"ဘယ်သူက ပစ္စည်းလဲ!!...မင်းက တစ်ကယ်ရိုင်းစိုင်းတာဘဲ..ဟမ့်!!"
စိတ်ကြီးဝင်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့အသံကို သူတို့ခေါင်းပေါ်ကနေကြားလိုက်ရသည်။ နောက်တစ်ခဏမှာဘဲ ကြီးမားလှတဲ့အရိပ်ကြီးတစ်ခုက သူတို့ရှေ့ကို ဖြည်းညှင်းစွာဆင်းသက်လာတာကို ရုန်ယိတွေ့လိုက်ရသည်။

ရုန်ယိမှာ အံ့အားသင့်သွားရ၏။
"ဖီးနစ်!...မဟုတ်ဘူး..မဟုတ်ဘူး..ကျွန်တော်ပြောချင်တာက...ဒေါင်းဖြူ!!...အရမ်းလှတာဘဲ!"

"စူးရှလိုက်တဲ့မျက်လုံးတွေဘဲ!"
ထို့နောက် ဒေါင်းဖြူက ကြေးဝါမှန်တစ်ချပ်ကိုထုတ်ပြီး သူ့ရဲ့အမြှီးတွေကိုဖြန့်ကားလိုက်ကာ မှန်ထဲမှာပြန်ကြည့်လိုက်သည်။
"ငါကအလှဆုံးဘဲ...ဒီကမ္ဘာပေါ်မှာ ငါကအလှဆုံး!"

ရုန်ယိ "......"

ဆိုတော့ ဒေါင်းတွေက အတ္တပေမဝါဒသမားတွေဆိုတာတစ်ကယ်မှန်တာဘဲ....

ယင်ကျင်းရဲ့ကတော့ ဒါကိုကျင့်သားရနေလေပြီ။
"မှန်သိမ်းတော့..သွားရအောင်"

ဒေါင်းဖြူက ရုန်ယိကိုတစ်ချက်ကြည့်ပြီး
"ငါမင်းကလွဲပြီး တစ်ခြားဘယ်သူ့ကိုမှ မသယ်ပေးနိုင်ဘူးလို့ ပြောထားပြီးသားနော်..မင်းရဲ့ကျင့်ကြံဖော်ဆိုရင်တောင်မှမရဘူး..ဟမ့်!"

ယင်ကျင်းရဲ့ "....."

ရုန်ယိ ပြုံးလိုက်ပြီး
"အကယ်၍ မင်းသာငါ့ကိုသယ်သွားပေးမယ်ဆိုရင် ငါပြန်ရောက်တဲ့အခါကျရင် မင်းအတွက် ပိုကြီးပိုလှတဲ့မှန်တစ်ချပ်လုပ်ပေးမယ်လေ..ဒီလိုဆိုရင် မင်းကိုယ်မင်း ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရလိမ့်မယ်"

"တစ်ကယ်လား!!...ငါ့ကို အရူးတော့လာမလုပ်နဲ့နော်"
ဒေါင်းဖြူက ချက်ချင်းငုံ့ကိုင်းပေးလိုက်သည်။
"လာ..တက်!..သတိထားနော်...ငါ့ရဲ့အမွှေးတွေကို မင်းဖိနပ်တွေကြောင့်မညစ်ပတ်စေနဲ့"

"မစိုးရိမ်နဲ့...ငါမင်းကို အညစ်အကြေးဖယ်တဲ့ဂါထာပေးမယ်..မင်းရဲ့အမွှေးအတောင်တွေက နေ့တိုင်း ဘာအစက်အပြောက်မှတောင်မရှိဘဲ အသစ်အတိုင်းတောက်ပြောင်နေရမယ်လို့အာမခံတယ်...အိုး..ဟုတ်သား..ငါမင်းကို ငါ့သူငယ်ချင်းတွေနဲ့လည်းမိတ်ဆက်ပေးလို့ရတယ်...သူတို့က မင်းအတွက်ဝတ်စုံတွေချုပ်ပေးလိမ့်မယ်..မင်းရဲ့ဘိုးဘေးတွေတောင် မင်းရဲ့ပုံစံကြောင့် ကြက်သေသေသွားကြရလိမ့်မယ်!"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now