🎧 idol & Me 🎧
🌼 * 11 * 🌼
ကုကုသည်မျက်ရည်သုတ်ကာ Tae ၏ခါးဒဏ်ရာအားဆက်လက်ရေခဲအုန်ပေးနေလေ၏
" သက်သာလား "
" အင်းသက်သာပါတယ် မင်းဂရုစိုက်ပေးလို့😊😊😊"
" နှာဘူးကလာထနေတယ်😏😏 "
" ဘာဆိုင်လို့ "
" ရှင်ကျမကိုကြိုက် များကြိုက်နေတာလားဟမ်း "
Tae သည်ငြိမ်သွားပြီး ကုကု ဘက်လှည့်ကာကုကုအားစိုက်ကြည့်နေ၏
" ဘာလို့ကြည့်နေတာလဲ "
" မင်းဘဲငါကမင်းကိုကြိုက်နေလားဆို "
" အေ့လေး အ့ဒါနဲ့စိုက်ကြည့်နေတာ
ဘာဆိုင်လဲ "
" ဆိုင်တာပေါ့ အတည်ပြုနေတာလေး
မင်းလဲငါ့မျက်လုံးတွေကိုသေချာကြည့်
နေ "
" လုပ်မနေနဲ့ ရှင့်ကိုကျမကြိုက်ဖို့မပြောနဲ့
စိတ်ကူးထဲတောင်မထည့်ဘူး ရော့ရေခဲ
ကိုယ့်ဟာကိုအုံ ကျမဟင်းသွားချက်လိုက်ဦးမယ် "
" အေ့ပါကွာ "
ကုကု သည် အောက်ထပ်ဆင်းကာ ဝယ်လာသမျှအသားတို့အား ခုတ်ထစ်ချက်ပြုနေလေ၏ ပင်လယ်စာအစပ်နှင့်ဂဏန်း စွတ်ပြုတ်သူမချက်သည် ခရုအားနှူးနေအောင်ပြုတ်ပြီး ဆော့အချို့
နှင့်အစပ်သုတ်သည် အိမ်လုပ်ပန်းကိတ်အား ပြုတ်လုပ်ထားပြီးထမင်စားပြီးစားရန်အတွက်သူမပြုလုပ်ထား၏
ဝက်နံရိုးအနစ်လုပ်ရန် ကြက်သွန်လှီးသော် ဟင်းဘက်ကြည့်သော် သူမလက်ထိသွားလေ၏
" အားးနာလိုက်တာ "
ဓားချကာ သွေးများအားညှစ်ထုတ်လေ၏ထိုအချိန် Tae ရောက်လာပြီး
" အဆင်ပြေရဲ့လား "
" ဓါးနည်းနည်းထိသွားတယ် "
" ပြပါဦး ဟင်းသွေးတွေထွက်နေပါလား
လာခဲ့ အရှေ့ဘက် "
ကုကု၏လက်သည်သွေးမတိတ်သောကြောင့် Tae စိတ်မရှည်တော့၍ စုတ်ထုတ်လေ၏
" မလုပ်ပါနဲ့အားနာစရာကြီး "
" အသာနေပါအရှုးမရဲ့ "
" မလုပ်နဲ့တော့ လူကိုအရှုးမဘဲခေါ်နေတယ် "
" စတာပါ သွေးတော့တိတ်ပြီး ဆေးထည့်ရမယ် "
