🎧 idol & Me 🎧
🌼 * 7 * 🌼
ဒေါသထွက်ကာမျက်လုံးများနီလာ၏ကျောင်းသူတစ်ချို့ဆရာမနှင့်
သွား၍တိုင်လေ၏
ဆရာမရောက်လာသော်
" ေကျာင်းသူသစ်မလား "
" ဟုတ်ကဲ့ဆရာမ "
" ရောက်တာတစ်မနက် မပြည့်သေးဘူး
ရန်ဖြစ်နေပြီးလား "
" မဟုတ်...! "
" တော်တော့ ဆင်ခြေဆင်လက်တွေလက် မပေးနဲ့တော့ ရုံးခန်းလိုက်ခဲ့ "
" ဟုတ်ကဲ့ "
ကုကုစဥ်းစားနေ၏အပြစ်မရှိဘဲအပြစ်ရှာသောသူကိုအပြစ်မပေးဘဲ အပြစ်မရှိသူဒေါသထွက်နေသည်ကိုသာမြင်သော
အတန်းပိုင်အားသူမအိပ်ထဲ၌ ငှက်ပျောသီးအားအနောက် မှခိုးစားပြီးလူအလစ်ကြည့်ကာ ဆရာမခြေအောက်မသိမသာပစ်ထည့်လိုက်သော်
" ဒန်းးးအမလေးဟယ် ဒါဘယ်သူ့အခွံလဲ
ဘယ်သူအမှိုက် မကောက်တာလဲ "
ကုကုသည် ပြုံးနေရာမှ ခပ်တည်တည်နေပြီး
" ဆရာမအဆင်ပြေရဲ့လား သမီးထူပေး
မယ် "
" အင်း အမလေး နာလိုက်တာ "
" ဆရာမသိလား သမီးမှာအမှားမရှိဘူး
ဆိုတာအခုဘဲကြည့် ဆရာမလဲနေတာ သမီးလှည့်ထွက်သွားလို့ရနေတာဘဲသမီး
မလှည့်ထွက်သွားဘူး "
" အေနောဟုတ်တယ် ဟိုကောင်မလေးတွေ အနိုင်ကျင့်တာလား "
" မသိဘူး ဆရာမ သမီးကိုရန်လာစလို့
ပြန်ပြီးအပြစ်ပေးတာ😁😁 "
" အေ့ပါ ဟယ်ငါ့ကိုတွဲဦး "
" ဟုတ်ကဲ့ ဆရာမ သမီးကိုရုံးခန်းထဲခေါ်သွားမလို့ဆို "
" တော်ပါပြီး နင်မှန်တာသိပါပြီးငါ့ခါးဆေးလိမ်းရဦးမယ်အတန်းထဲပြန်တော့ "
" ဟုတ်ကဲ့ "
ကုကုသည် အတန်းထဲသို့လက်ပိုက်ကာခပ်မော့မောပြန်လာလေ၏
ကျောင်းသားအချို့သည်
" ဘာလားသူမကိုရုံးခန်းထဲမပို့ဘူးလား "
ကုကုသည် သူမခုံတွင်ထိုင်ပြီး မှောက်အိပ်နေလေ၏
ဤသို့ဖြင့် နေ့လယ်ပိုင်းထမင်းစားပြီးသော်ကုကုစာကြည့်တိုက်သို့သွားလေ၏
စာအုပ်ဗီဒိုနှင့်စာအုပ်စင်ကြားတွင်နေရာယူကာစာအုပ်ဖတ်နေလေ၏ သူမဖတ်
သည့်စာအုပ်မှာ ကာတွန်းစာအုပ်သာဖြစ်သည်
