Part 1

4.6K 181 2
                                    

Toyota lancruiser ကားနက်လေးတစ်စီးမှာ လမ်းကြားလေးတစ်ခုထဲတွင် လျင်မြန်စွာပြေးလွှားနေသည်။ ကားပေါ်တွင် ဥပဓိရုပ်သန့်ပြန့်ချောမောသော အမျိုးသားတစ်ဦးနှင့် မြင်သူတိုင်း လည်ပြန်ငေးရလောက်အောင် လှပပြီး Smart ကျသော အမျိုးသမီးငယ်တစ်ဦး ပါရှိသည်။ အမျိုးသမီးငယ်၏ အလှကိုပိုမိုဖြန့်ကျက်သွားစေသည်က ညာဘက်မျက်လုံးအောက်တည့်တည့်ရှိ မှဲ့စိမ်းကလေးပင်။ ထိုစဥ် ရုတ်တရက်..

'ကျွီ......'

'ဟင်.. မြူ.. ဘာဖြစ်တာလဲ'

'ကလေးတစ်ယောက်ဖြတ်ပြေးသွားလို့ ကို.. မြူ ဆင်းကြည့်လိုက်ဦးမယ် မတိုက်မိဘူးထင်ပါတယ်'

'ကို ရောလိုက်ခဲ့မယ်'

'နေ..နေ.. ကို.. ဘာမှန်းမသိသေးဘူး ကို က ခေါင်းကိုက်နေတယ်မလား မြူ ပဲဆင်းကြည့်လိုက်မယ်'

မြူဆိုသော မိုးသားမြူ ကားပေါ်မှဆင်းလိုက်သောအခါ ကားရှေ့တွင်ခွေခွေလေးလဲကျနေသော အသက် ၁၀နှစ်အရွယ်မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရ၍ အနားသွားကာ..

'ဟိတ်.. ချာတိတ်လေး.. သတိရရဲ့လား'

ကလေးကို အသာပွေ့၍ မြူ မေးလိုက်စဥ်..

'အား.. နာတယ်.. ဟင့်.. ဟင့်'

ဒူးလေးကိုကိုင်ကာ ညည်းနေသောကလေးမလေးကို ကြည့်လိုက်ပြီး...

'အို.. ဥုံဖွ.. ဥုံဖွ.. ဘယ်နားကနာတာလဲ ချာတိတ်လေး'

မြူ ကလေးကို ပွေ့ထားရင်း ကြင်နာစွာမေးလိုက်သောအခါ..

'ဒူး.. ဒူး နာတယ်.. အဟင့်ဟင့်..'

'အို.. ဟုတ်သားပဲ.. ဒူးပွန်းသွားတာပဲ.. တိတ်တိတ်.. မမ ဒါလေးနဲ့ မနာအောင် စည်းပေးမယ်နော်'

ပြောပြီး မိုးသားမြူ သူ့လည်ပင်းမှ Muffler ခဲရောင်အပါးလေးကို ဖြည်လိုက်ပြီး ချစ်စရာကလေးမလေး၏ ဒူးကိုညင်သာစွာစည်းပေးလိုက်သည်။ ထိုစဥ်...

'Snow ရေ ဘယ်သွားဆော့နေတာလဲ.. Snow.. ဟင်.. Snow လေး.. အမလေး.. ငါ့တူမလေး ဘာဖြစ်တာလဲ ကားတိုက်မိတာလား ဘုရား ဘုရား'

'နာတယ် တီလေး.. ဒူးကနာတယ် ဟင့်.. ဟင့်'

'ရှင်.. ကျွန်မတူမလေးကို ကားနဲ့ တိုက်လိုက်တာလား'

My beloved sensei (Complete)Where stories live. Discover now