သူ့ကို တွန်းထုတ်ကာ ထွက်သွားသော မေသွန်းခကိုပင် လှည့်မကြည့်အားပါ။စိတ်ပျက်စွာ ထိုင်ချလိုက်မိသည်။(ရိုးရိုးငြင်းလည်း ရရဲ့သားနဲ့ မေခရယ်။ လူကိုပါးရိုက်ချင်လို့ အပြင်ခေါ်တာလက်ခံပြီး ငြင်းတာလား။)သူရိန်ဖြိုး ကြေကွဲရပါပြီ။ဟန်ကို ဖုန်းခေါ်ပြီး အကျိုးအကြောင်း ပြောရန် ပြင်ဆင်လိုက်သည်။

"Hello ငဟန်"

"ပြော သားရီး ဘာကိစ္စ"

"မေခက ငါ့ကို ငြင်းသွားတယ်။ သူက မင့်ကိုပဲ ကြိုက်တာတဲ့"

"လခွီး မင်းကလည်းကွာ ငါပြောပြီးသားလေ။တစ်ကမ္ဘာလုံးက ကောင်မလေးတွေ ငါတွဲချင်သလိုတွဲမယ်။ ငါ့သူငယ်ချင်းကြိုက်တဲ့ ကောင်မလေးနဲ့ တော့ ဘယ်တော့မှ တွဲမှာ မဟုတ်ဘူး။ငါ မင်းညီမနဲ့ တွဲနေတယ်လို့ ပြောလိုက် သီရိမကိုတော့ ငါ ပြောထားလိုက်မယ်။တနေ့တော့ မင်းအချစ်ကို သူနားလည်လာမှာပါ။fighting သားရီး"

"အေးပါကွာ ငါနည်းနည်းတော့ စိတ်အေးသွားပီ"

"အများကြီး စိတ်အေးလိုက် ငါ့ကောင်ရ။ဒါပဲ ငါ လိုင်းပေါ်မှာ ကြူနေတာ။မအားသေးဘူး"

"အေးပါ ရှုပ်နေလိုက် အချစ်စစ်နဲ့တွေ့မှ ဝဋ်လည်မယ်"

"ငါလည်း အဲ့ဒါကြီးကို စောင့်နေတာ"

"ဟန် ဒါပဲကွာ ငါ အိမ်ပြန်တော့မယ်"

(မေသွန်းခရယ်။ရည်းစားတစ်ခါမှမထားပဲသူ့ကိုသစ္စာရှိရှိ ကြိတ်သဘောကျလာတဲ့ ကျွန်တော့်ကို မကြိုက်ပဲ ပွေပါတယ် ရှုပ်ပါတယ်ဆိုတဲ့ ကောင်ကိုမှ ဘာကြောင့် အရူးအမူး ကြိုက်နေရတာလဲကွာ)

အကြောင်းစုံ ပြောပြတော့ သီရိဖြိုးက အပြစ်ကင်းသည့်ရုပ်နှင့် အံ့ဩသလိုနှင့် အားရပါးရ ရီပေးသည်။ထိုနေ့မှ စ၍ သူရိန်ဖြိုးဂရုစိုက်‌ပေးတိုင်း မေခက မကျေနပ်သလို လုပ်ပြလာသည်။အရင်လို အရမ်းရင်းနှီးဖို့ မဖြစ်နိုင်တော့ပေမယ့် သူ့အနား ရှိနေရတာကိုပင် ကျေနပ်နေသည် မဟုတ်လား။နောက်ပိုင်း ဆက်ဆံရေးက အရမ်းကြဲသွားလေသည်။
ကျောင်းအတူတက်ကြရင်တောင် အရင်ကလောက်ထိ ရင်းရင်းနှီးနှီး စကားမပြောတော့တာကို သတိထားမိသည်။သီရိကတော့ ကြိတ်ပျော်လျှက်။တစ်နေ့တော့ မဝင်စဖူး ဟန်ဆီက စာဝင်လာသည်။အရင်ကဆို သူ့ဘက်က အရင်ပို့မှ ဟိုကောင်က စာပြန်နေကျ။

Intricate Love Season 2 🔞🚫Where stories live. Discover now