"ကိုဖြိုး နက်ဖြန် ၇နာရီ ငါတို့ ၄ယောက် ဆုံနေကျနေရာမှာ မေခနဲ့ ချိန်းထားပေးတယ်။သေချာလေး ရည်းစားစကားပြောခဲ့နော်"

ရုတ်တရက် လာပြောသောသီရိဖြိုးကြောင့် သူရိန်ဖြိုး ပျော်သွားသည်။(ဒီကလေးမ အကိုကိုတော့ ချစ်ရှာသားပဲ) သူရိန်ဖြိုးကတော့ မနက်၅နာရီလောက်ထပြီး လေ့ကျင့်ခန်းတွေလုပ် ရေချိုးပြီး specialပြင်ဆင်ထားသည်။‌၆နာရီ ခွဲခါနီးတော့ စိတ်မသန့်တာနဲ့ ရေထပ်ချိုးလိုက်သေးသည်။တစ်မနက်လုံး မှန်ထဲ ယိမ်းနေပြီး မွေးလို့ ‌ကြိုင်လို့ ထွက်သွားသော အကိုဖြစ်သူကို ကြည့်ပြီး သီရိ ပြုံးမိသည်။အနည်းငယ် ကြာတော့ မေခကို ဖုန်းဆက်လိုက်သည်။
"မေခ နင်ရောက်နေပြီလား"

"အေး ရောက်နေပြီ"

"ငါနင့်ကို ဝန်ခံစရာရှိတယ်ဟာ။တကယ်တော့ ဟန်က ချိန်းတာမဟုတ်ဘူး။အဲ့ဒါတွေက ကိုဖြိုးအကြံ ။သူနင့်ကို ကြိုက်လို့တဲ့။ ငါ့ကို စိတ်မဆိုးလိုက်နဲ့နော်။ငါလည်း ကိုဖြိုးက အတင်းခြိမ်းခြောက်ပြီးခိုင်းခံရတာပါဟာ။"

"ဘာ"

တရစပ်ကြားလိုက်ရတဲ့ သီရိစကားကြောင့် မေသွန်းခ ဒေါသထွက်သွားသည်။သူမ အရူးလုပ်ခံလိုက်ရသည်လေ။တစ်‌ညလုံးနဲ့တစ်မနက်လုံး စိတ်ကူးယဉ်ပျော်ရွှင်ခဲ့ရသမျှ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရသမျှ အခုတော့ အရူးလုပ်ခံလိုက်ရတာတဲ့။တကယ်ကြေကွဲရပါသည်။ဝမ်းနည်း ကြေကွဲရသလို ဒေါသလည်း ထွက်မိသည်။ထိုအချိန်မှာ အဝေးကနေ လှမ်းမြင်နေရတာက အရမ်း gentleman ဆန်နေတဲ့ ဆံပင် အညိုရောင်နဲ့‌သူရိန်ဖြိုး။မေခက သူ့ကို ကြည့်နေတော့ သူရိန်ဖြိုးလည်း အပြေးလေး သွားတွေ့လိုက်သည်။

"မေ...."

ဖြောင်းးးးးး

"ကျွန်မရှင့်ကို မကြိုက်ဘူး။ဘယ်တော့မှလည်း ကြိုက်မှာမဟုတ်ဘူး။ဟန်ရဲသွေး မဟုတ်တဲ့ ဘယ်ကောင်လေး အပေါ်မှာမှ ကျွန်မရဲ့ နှလုံးသား တိမ်းညွှတ်မှာ မဟုတ်လို့ သူငယ်ချင်း ဆက်ဆံရေး မပျက်စီးခင် လက်လျော့ လိုက်တော့။ကျွန်မကို ကြိုက်တဲ့အကြောင်း ပြောတာ ကျွန်မ ထပ်မကြားမိစေနဲ့။ဘယ်သူ့ဆီက ကြားကြား၊ကြားတဲ့အခါ ရှင်ကျွန်မကို ထပ်မတွေ့စေရဘူး။"

Intricate Love Season 2 🔞🚫Tahanan ng mga kuwento. Tumuklas ngayon