💙Happy Birthday ယောင်းငယ်💙

203 29 3
                                    

Unicode

ဘာလိုလိုနဲ့ ကိုယ်တွေရဲ့ ယောင်းငယ်လေးတောင် 26နှစ်ပြည့်ခဲ့ပြီ

ဒီနှစ်မှစလို့ နောင်နှစ်ပေါင်းများစွာမှာ အန္တရာယ်ကင်းကင်း ကျန်းကျန်းမာမာနဲ့ နေနိုင်ပါစေ

အစ်ကိုတွေကိုလည်း များများဂရုစိုက်ပြီး အငယ်လေးနဲ့ များများဆော့နိုင်ပါစေ ယောင်းငယ်ရေ

ပြီးတော့ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ပါနော်

ဘာတွေပဲဖြစ်လာဖြစ်လာ ယောင်းငယ်တို့ရဲ့ အနောက်မှာ ကိုယ်တို့ ARMYတွေ အမြဲတမ်းရှိတယ်နော်

ယောင်းငယ်ရဲ့ မွေးနေ့မှာ အပိုင်းသစ်လေး Upပေးချင်ပေမယ့် အလုပ်တွေအရမ်းများနေတာကြောင့် Dream မUpပေးနိုင်ပါဘူး နောက်နှစ်ပါတ်လောက်ထိ Upပေးနိုင်မယ်မထင်ဘူး

ဒါပေမယ့် ယောင်းငယ်လေးရဲ့ မွေးနေ့အတွက်ရော ဒါလေးတွေကို တောင်းပန်တဲ့အနေနဲ့ရော Dreamဒါလေးကို လက်ဆောင်ပေးပါတယ်နော်

မဖြစ်နိုင်မှန်း သိပေမယ့်
            သူ့ကိုငေးကြည့်ခဲ့တယ်

မဖြစ်နိုင်မှန်း သိပေမယ့်
            သူ့ကိုဂရုစိုက်ချင်ခဲ့တယ်

မဖြစ်နိုင်မှန်း သိပေမယ့်
             သူ့ကိုမျှော်လင့်ခဲ့တယ်

မဖြစ်နိုင်မှန်း သိပေမယ့်
             သူ့အချစ်ကို အရယူချင်ခဲ့တယ်

မဖြစ်နိုင်မှန်း သိပေမယ့်
             သူ့ကိုချစ်ခဲ့တယ်

ပိုးဖလံလေးတွေက
              ပူတယ်ဆိုတာ သိသိကြီးနဲ့
                             မီးထဲတိုးဝင်ကြသလိုမျိုး

ကိုယ်လည်း ပူလောင်တယ်ဆိုတာ သိသိကြီးနဲ့
              အချစ်ဆိုတဲ့ မီးထဲကိုတိုးဝင်ခဲ့တယ်

နေကြာတွေက နေကိုပဲ မျက်နှာမူခဲ့ပြီး
             သူ့အတွက် အနစ်နာခံပေးခဲ့တဲ့ မြေကြီးကိုတော့
                                  လျစ်လျူရှုခဲ့တယ်

မင်းကလည်း မင်းချစ်ရတဲ့သူကို မျက်နှာမူခဲ့ပြီး
             မင်းကိုသိပ်ချစ်လို့ အနစ်နာခံခဲ့တဲ့ ကိုယ့်ကိုတော့
                             မင်းလျစ်လျူရှုခဲ့တယ်

We're HereWhere stories live. Discover now