💙Part 5💙

481 46 6
                                    

Unicode

Taehyung's POV

ကျွန်တော်တို့ရဲ့ accident ကသာမန်မဟုတ်ဘူးတဲ့လား လုပ်ကြံတာတဲ့လား yoongi hyungထိတ်လန့်သွားသလို ကျွန်တော်တို့လည်းအံ့ဩသွားခဲ့တယ် တကယ်ကိုလူတွေက ကြောက်ဖို့ကောင်းတာပဲ

ဒီကိစ္စတွေကြောင့် Bang PD nimက ကျွန်တော်တို့ကို နေရာရွှေ့ဖို့လုပ်တယ် ကျွန်တော်တို့နေရမယ့်အိမ်က တော်တော်တော့ကြီးတယ်

ကျွန်တော်ရယ် namjoon hyungရယ်ကိုတစ်ခန်း jin hyungနဲ့ jungkookကိုတစ်ခန်း jiminနဲ့hobi hyungရယ်ကိုထားကြတယ် yoongi hyungကတော့ သက်သက်တစ်ခန်းယူထားတယ်

ကျွန်တော်တို့တွေ အိမ်ကိုစစရောက်ချင်း အိမ်ထဲအိမ်ပြင်ပါမချန် အကုန်လိုက်ပြီးကြည့်တယ် yoongi hyungကတော့ သူ့အထုပ်တွေရော ကျွန်တော်တို့အထုပ်တွေရောပါ ဖြေပေးနေတယ် ကျွန်တော်တို့ကူညီချင်ပေမယ့် ထိလို့မှမရတာ ဘာကြောင့်ထိလို့မရလဲဆိုတာ စဥ်းစားလို့မရဘူး

Ghostဆိုတဲ့ Englishဇာတ်ကားထဲမှာတော့ အာရုံစိုက်ရတယ်ပြောတာပဲ ကျွန်တော်တို့လုပ်ကြည့်ပေမယ့် လုပ်လို့မရဘူး အင်းလေဘဝက ရုပ်ရှင်မှမဟုတ်ဘဲ

Yoongi hyungက အထုပ်တွေနေရာချပြီးသွားတော့ မီဖိုချောင်ထဲဝင်သွားတယ် ကျွန်တော်တို့လည်း hyungနောက်ကိုလိုက်ပြီး ထမင်းစားပွဲဝိုင်းမှာဝင်ထိုင်လိုက်ကြတယ်

Yg:"ဒီနေ့ဘာစားရင်ကောင်းမလဲ မင်းတို့ဘာစားချင်ကြလဲ?"

Hyungကအမြဲတမ်းကျွန်တော်တို့ကို စကားပြောလေ့ရှိတယ် ကျွန်တော်တို့မရှိလည်းပြောနေတတ်တယ် ဒါပေမယ့်ကျွန်တော်တို့ hyungနားမှာရှိနေတယ်

Yg:"စားဖို့သာပြောနေတာ ဘာတွေရှိမှန်းလဲမသိဘူး"

ပြောပြီး ရေခဲသေတ္တာကိုဖွင့်ကြည့်တဲ့ hyung
ဒါပေမယ့်ရေခဲသေတ္တာထဲမှာ ဘာမှရှိမနေဘူး

Yg:"ဟင်ဘာမှလည်းမရှိဘူး ဒါဆိုသွားဝယ်ရမှာပဲ ငါအပြင်သွားလိုက်ဦးမယ်"

Yoongi hyungကပြောပြီး ထွက်သွားတယ် hyungက maskတပ် ဦးထုပ်ဆောင်းပြီး ကားလဲမယူဘဲ လမ်းလျှောက်ထွက်သွားတာကြောင့် ကျွန်တော်တို့လည်း စိတ်ပူပြီး hyungနောက်ကလိုက်လာကြတယ်

We're HereDove le storie prendono vita. Scoprilo ora