"စကားမပြောနဲ့ပါဆို မလာခဲ့နဲ့လို့ ပြောထားတာကို..."

ဝါဝါ့လက်ကိုဆုပ်ကိုင်ကာ မျက်ရည်တွေကျရင်း တားဆီးမိသည်။ ဒါကိုဝါဝါက ပြုံးကာ သခင်ရဲ့မျက်နှာကို သွေးတွေပေကျံနေတဲ့လက်နဲ့လှမ်းကိုင်သည်။

"အစ်ကိုလေး ပျော်..ပျော်..နေ...သွားပါ"

ထိုစကားအဆုံး သခင့်ပါးကိုကိုင်ထားတဲ့လက်က လျော့ကျသွားရပြီး မျက်လုံးမှိတ်သွားကာ ဇာတ်ကျိုးကျသွားသည်။

"ဝါဝါ...မဖြစ်ဘူး "

သခင် အရူးတစ်ယောက်လို ဝါဝါ့ကိုဖက်ကာ ငိုနေမိသည်။ သူအားငယ်နေတဲ့အချိန်မှာ အားပေးစကားပြောပေးတဲ့သူမ၊ သူမမျက်လုံးထဲမှာ သူ့ကိုချစ်တဲ့အချစ်တွေတွေ့မြင်နေရပေမဲ့ ဥပေက္ခာပြုထားမိတဲ့သူ..အခုတော့ သူမက အဝေးကိုလွှင့်ထွက်သွားခဲ့ပြီ။

အစေခံတစ်ယောက်ရဲ့ချစ်ခြင်းက ပေးဆပ်ခြင်းသပ်သပ်ပါပဲ။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

ဦးသခင်ပိုင်က စက်ရုံအနောက်ပေါက်‌ကနေ သသကိုခေါ်ထုတ်လာသည်။ အဝေးမရောက်ခင်မှာ ရဲတွေက ဦးသခင်ပိုင်ကို ဝိုင်းထားနိုင်လိုက်သည်။

"ဦးသခင်ပိုင် ခင်ဗျားလက်နက်ချလိုက်ပါ အားလုံးကိုဝိုင်းထားပြီးပြီ"

"ရှေ့တိုးမလာနဲ့ တိုးလာရင် သတ်ပစ်မယ်.."

သသရဲ့လည်ပင်းထဲထိ နစ်ဝင်သွားအောင်သေနတ်နဲ့ထောက်ကာ ချိန်ထားခြင်းကြောင့် ဘယ်လိုမှ ပစ်မရဘဲ လက်နက်ချဖို့သာပြောနေရသည်။

စည်းနဲ့ Blackသည်လည်း အချိန်ကောင်းကိုစောင့်ကာ ဦးသခင်ပိုင်နားတဖြည်းဖြည်းတိုးကပ်လာကြသည်။

"အနားမကပ်နဲ့ပြောနေတယ်လေ ဒိုင်း..."

ဦးသခင်ပိုင်ရဲ့အ‌ပေါ်ကို ထောင်ပစ်လိုက်တဲ့ သေနတ်သံကြောင့် သသကိုယ်လေးတုန်တက်သွားရသည်။ မျက်ရည်တွေဝိုင်းလာရကာ အ‌ဖေ့ကိုကြောက်ရွံလာမိသည်။

"သသမကြောက်နဲ့ ကိုယ်ရှိတယ် ကိုယ့်ကိုပဲကြည့်..."

"ဦး..."

သသကြောက်နေမယ်ဆိုတာကို သိနေတဲ့စည်းက  သူ့ကိုသာကြည့်ခိုင်းသည်။ ဦးသခင်ပိုင် သသကိုပိုမိုတင်းကြပ်အောင် ဆွဲချုပ်လိုက်ရင်း...

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now