Part(15)

4.1K 117 0
                                    

         အပိုင်း(၁၅)

"အဲ့လူရဲ့မျက်နှာကို မှတ်မိလား "

"ဘာတွေပြောနေတာလဲ "

သခင် တုန်ရင်နေတဲ့အသံကိုထိန်းကာ ပြောလိုက်မိသည်။

"အဲ့တာ ငါပဲ ကောင်းကင်သခင်!..."

"စည်းချက်ညီညာလား?!."

ပီသစွာထွက်လာတဲ့အသံကို သခင်မယုံနိုင်သလိုဖြစ်သွားရသည်။

"ဟုတ်တယ် ဆူးခတ်ပန်းဆို‌တဲ့ မိန်းကလေးက ငါ့ညီမအရင်းပဲ "

"မဟုတ်ဘူး "

"အဟွန်း ငါကတော့ အဲ့ဒီအဖြစ်အပျက်ကို (၁၅)နှစ်လုံး တစ်ရက်လေးတောင်မေ့လို့မရခဲ့ဘူး ဒါပေမဲ့ မင်းကတော့ တစ်လတည်းနဲ့ မေ့ပစ်ခဲ့တယ် ပြီးတော့ မင်းမိဘတွေ ဘာလို့ချက်ချင်းချမ်းသာပြီး Angleလုပ်ငန်းစုတစ်ခုလုံးကို ရသွားခဲ့တာလဲ နည်းနည်းလေးတောင် မတွေးမိဘူးလား အာ မင်းက အဖေတူသားပဲ အလွယ်တကူမေ့ပစ်နိုင်ပြီး တစ်ကိုယ်ကောင်းဆန်တယ်လေ ဒါပေမဲ့ အပြစ်လုပ်ထားပြီး ဒါတွေနဲ့ပတ်သတ်တဲ့ ငါ့အပေါ် မတရားဘူးလို့ မမြင်မိဘူးလား နည်းနည်းလေးတောင် ‌တောင်းပန်ချင်စိတ်မရှိဘူးလား "

"တောင်း....တောင်းပန်မလို့ လိုက်ရှာ‌ချင်ပေမဲ့ အဲ့တုန်းက စိတ်တွေရှုပ်ပြီး...မဟုတ်ဘူး တောင်းပန်ဖို့ကြိုးစားပါသေးတယ် ဒါပေမဲ့ မင်းတို့က ထွက်သွားခဲ့ပြီ "

"ဆင်ခြေမပေးနဲ့ ကောင်းကင်သခင်  ဒါတွေက အသုံးမဝင်တော့ဘူး ငါ့အတွက်နဲ့သသကို မခံစားစေချင်ဘူး အဲ့ဒီအစား ငါမင်းမိဘတွေကိုလုပ်ခဲ့တာနဲ့ကြေလိုက်ပါ တရားခွင်ကိုဖျက်သိမ်းလိုက် ငါ မင်းကို ဒီအကြောင်းပြောတယ်ဆိုတာက ဘာကြောင့် မင်းတို့မိသားစုကို မုန်းနေရလဲဆိုတဲ့ အကြောင်းပြချက်ပဲ မယုံရင် ၂၀၀၅ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့က ကားတိုက်မှုကို ရှာကြည့်လို့ရတယ် မျက်မြင်သက်သေတစ်ယောက်အဖြစ် ငါ့နာမည်ရှိနေလိမ့်မယ်"

အခု စည်းရဲ့ပုံစံ‌က သခင့်ကို စိန်ခေါ်နေခြင်းမဟုတ်ဘဲ ကြေအေးဖို့ အမိန့်ပေးတောင်းဆိုနေပုံပင်။

'ညီမလေးက အဲ့လောက်တောင်မှ စည်းချက်ညီညာရဲ့နှလုံးသားကို ဖမ်းစားထားတာလား '

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now