Part(12)

3.9K 129 1
                                    

          အပိုင်း(၁၂)

"အဖျားက ၁၀၃ ဒီဂရီဖာရင်ဟိုက်ကနေ အခုထိမကျသေးပါဘူး "

"ချက်ချင်းပျောက်အောင်ကုပေးပါ..."

"ကလေးက ကျောက်ပေါက်တာပါ ဒါကြောင့် အဖျားမကျတာပါ သခင်လေး ခန္ဓာကိုယ်မှာ အနီစက်တွေစထွက်နေပါတယ် သုံးရက်လောက်ဆိုရင် သက်သာလာမှာပါ..."

"အခုပျောက်ဖို့ဆေးမရှိဘူးလား "

"ကာကွယ်ဆေးမထိုးထားတော့ ပိုဆိုးပါတယ် ပြီးတော့ ကလေးက မိခင်နို့ရည်နဲ့ကြီးပျင်းလာတာမဟုတ်တဲ့အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ရမှာပါ"

စည်း အခန်းအပြင်က နံရံကို လက်နဲ့အသာထောက်ကာ သက်ပြင်းချသည်။

"ဆရာ ကလေး ငိုတာရပ်သွားပြီး မောနေတဲ့ပုံပဲ အသက်ရှူမမှန်ဘူး..."

"ခဏခွင့်ပြုပါဦး သခင်လေး "

ဆရာဝန် အထဲကို ပြန်ဝင်သွားပြီး ကလေးရဲ့ခန္ဓာကိုယ်အနှံ့ကို စမ်းသပ်သည်။ စည်းလည်း အနောက်ကနေ လိုက်ဝင်လာခဲ့သည်။

"နှလုံးခုန်မြန်နေတယ် "

"ဆရာ အဆုတ်ထဲက သွေးပေါင်ချိန်တွေလည်း တက်လာနေတယ်..."

"PDA(Patent Ductus Arteriosus) "

"ဘာကိုဆိုလိုတာလဲ "

"နှလုံးထဲကို ပြွန်သွင်းပြီး အပေါက်ပိတ်စေဖို့လုပ်ရမှာပါ အဲ့နည်းနဲ့ အဆုတ်ထဲသွေး(မသန့်စင်သော)ဝင်တာကို ထိန်းဖို့လိုအပ်ပါတယ် အခြေအနေကိုစောင့်ကြည့်ပြီး ခွဲစိတ်မှုလုပ်သင့်မလုပ်သင့် စဉ်းစားရမှာပါ ပြီးတော့ ပိုးဝင်ခြင်း၊ သွေးထွက်လွန်ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးလည်းရှိပါတယ် "

>>>>နှလုံးရဲ့အဓိကပင်မသွေးကြောကြီး (၂)ချောင်းကြားမှာ DA(Ductus Arteriosus)ဆိုတဲ့အပေါက်လေးရှိပါတယ်။ ထိုအပေါက်က ကလေးရဲ့အဆုတ်ဖွံ့ဖြိုးနေစဉ်အတွင်းမှာ နှလုံးကသွေးတွေ အဆုတ်ဆီမရောက်အောင် လမ်းလွှဲသဘောမျိုး လုပ်ဆောင်ပေးပါတယ်။ အဲ့အတွက် ကလေးအတွက်လိုအပ်တဲ့အောက်စီဂျင်ပါတဲ့သွေးကို မိခင်ဆီကနေ ရရှိပါတယ်။

ဒီလိုရောဂါမျိုးက မွေးပြီး ၂၊၃ရက်အကြာမှာ ပိတ်သွားတတ်ပါတယ်။ မပိတ်ဘဲ ပွင့်လျက်ရှိနေမယ်ဆိုရင်တော့ PDAဖြစ်သွားပါတယ်။ ပုံမှန်အားဖြင့် လမစေ့ဘဲ မွေးတဲ့ကလေးတွေမှာသာ အဖြစ်များလေ့ရှိတာပါ။

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now