“……………”

ရွှယ်ယို့ရှန်းတစ်ယောက် အားပါးတရ ငိုချပစ်လိုက်ချင်နေလေပြီ။ ဒဏ်ရာပျောက်သွားတာက ဒီလောက်မြန်ရသလား..? စိတ်တိုလွန်းလို့ သေတော့မယ်..! ရယ်စရာကောင်းတဲ့ ပုံစံလေးကြည့်ချင်တာကို ဒီလောက်ခက်ခဲနေလို့လား..!?

မနေ့ညက အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် အကျိုးအမြတ် မရခဲ့ပြန်ဘူး။ ရွှယ်ယို့ရှန်းရဲ့စိတ်ထဲ ခါးခါးသီးသီး ခံစားလိုက်ရတယ်။ ပြန်တွေးကြည့်လိုက်တော့ မနေ့ညက သူဘယ်လိုအိပ်ပျော်သွားသလဲတောင် မသိတော့ဘူး။ ရင်းဆုယဲ့ရဲ့ဒဏ်ရာကို ဆေးထည့်၊ ပတ်တီးစည်းပြီးတော့ အရမ်းပင်ပန်းနေခဲ့ပြီ။ ရင်းဆုယဲ့က သူနဲ့အတူ အိပ်ရာထဲကို လိုက်ခဲ့ရဲ့လားတောင် မမှတ်မိတော့ဘူး။

မေ့လိုက်တော့..! ဘာတွေဖြစ်ခဲ့သလဲဆိုတာကို စဉ်းစားနေဖို့လိုလို့လား..? ဗိုက်ပြည့်နေမှ တခြားအရာတွေ စဉ်းစားသင့်တာပေါ့..! အခုထိ ဘာမှမစားရသေးဘူး၊ အရမ်းဗိုက်ဆာနေပြီ။ မဟုတ်တဲ့အတွေးတွေ လျှောက်စဉ်းစားမနေတော့ဘူး။

“ကျွန်တော် ဗိုက်ဆာနေပြီ..!”

အဲ့တော့ ‘ဒေါသတွေကို အင်အားအဖြစ် ပြောင်းလဲပစ်ရမယ်..’ မဟုတ်သေးဘူး.. ‘ဒေါသတွေကို စားချင်စိတ်အဖြစ် ပြောင်းလဲပစ်ရမယ်’..

“အင်း..”

သူ့ကို သနားစဖွယ်မျက်နှာလေးနဲ့ စိုက်ကြည့်နေတဲ့ ကောင်လေးကိုမြင်တော့ ရင်ဆုယဲ့လည်း သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို အသာအယာ အောက်ချလိုက်ပြီး သိုလှောင်လက်စွပ်ထဲက သရေစာမုန့်များကို ထုတ်ယူလိုက်တယ်။ ထို့နောက် စားပွဲပေါ်မှာ ဖြန့်ခင်းလိုက်ပြီး ကောင်လေးကြိုက်တာစားလို့ရအောင် ပြင်ဆင်ပေးလိုက်တယ်။

“………………”

ရွှယ်ယို့ရှန်းလည်း စားပွဲပေါ်က မုန့်အမျိုးမျိုးကိုကြည့်ပြီး မဲ့ရွဲ့သွားရတယ်။ ဘယ်သူက မနက်စောစောမှာ မုန့်အချိုတွေစားလို့လဲ..? ပုံမှန်အတွေးအခေါ်ရော ရှိသေးရဲ့လား.. ရင်းဆုယဲ့ရေ..?

အစားအသောက်တွေကို မကျေနပ်ပေမယ့် ရွှယ်ယို့ရှန်းလည်း အိပ်ရာပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။ အနည်းဆုံး မျက်နှာသစ်၊ သွားတိုက်တာတော့ လုပ်ရဦးမှာပေါ့။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now