Final

573 91 59
                                    

မာ့ခ်နဲ့ဟယ်ချန်းရဲ့ဆက်ဆံရေးကသိသိ
သာသာကိုပြောင်းလဲသွားခဲ့ကြတယ်

ဟယ်ချန်းကအရင်လိုမာ့ခ်ကိုနှောက်ယှက်
နေပေမယ့် သောက်မြင်ကတ်စရာပုံစံမျိုးနဲ့
နှောက်ယှက်တာမဟုတ်ဘဲ ချစ်ဖို့ကောင်း
အောင်နှောက်ယှက်လာတယ်

မာ့ခ်ကလည်းဟယ်ချန်းကိုအရင်ကထက်
ပိုပြီးအလိုလိုက်လာတယ်

သာသာယာယာပါပဲ...

"မာကောလီ ပိတ်ရက်ကျဖရဲသီးခင်းဆီ
သွားလည်ကြမလား ငါဝမ်းကွဲအဒေါ်တစ်
ယောက်ပိုင်တာ"

အလည်သွားဖို့အဖော်စပ်နေတဲ့ဟယ်ချန်း
ရဲ့လေသံကနူးညံ့လွန်းတယ် ပုံမှန်နေ့တွေ
လိုမဟုတ်ဘဲ သိသိသာသာကိုနူးညံ့နေတာ

"မာကောလီ...သွားမှာလားလို့"

မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ချစ်
ဖို့ကောင်းအောင်လုပ်နေတဲ့ဟယ်ချန်း
ကြောင့်မာ့ခ်ရဲ့ရင်ထဲမှာဂျက်စတင်ဘီဘာ
သီချင်းတွေဖွင့်နေသလိုပဲ အရမ်းကိုပျော်
မြူးနေရတယ်

"အင်း အင်း သွားကြတာပေါ့"

မာ့ခ်ခေါင်းညိမ့်ပြီးသဘောတူလိုက်တော့
ဟယ်ချန်းကနေရောင်ခြည်လေးလိုပြုံးပြ
တယ် ရင်ထဲကိုနွေးသွားတာပဲ

အခုရက်ပိုင်းမာ့ခ်ရဲ့ရင်ထဲမှာအမျိုးအမည်
တိတိကျကျမသိတဲ့ခံစားချက်တွေခံစားနေ
ရတယ် အဲ့ဒီ့ခံစားချက်တွေကသေချာပေါက်အီဟယ်ချန်းဆိုတဲ့ကောင်လေးနဲ့ပတ်
သက်နေတယ် ဟယ်ချန်းနဲ့အတူရှိနေချိန်
တွေဆိုခံစားချက်ကပုံမှန်နဲ့မတူဘူး

တစ်ခုခုတော့တစ်ခုခုပဲ ဘာလဲတော့မသိ
ဘူး

.....

သဘောတူထားကြတဲ့အတိုင်းစနေ နေ့ကျ
ဟယ်ချန်းရဲ့အဒေါ်ပိုင်တဲ့ဖရဲသီးခင်းဆီအ
လည်သွားခဲ့ကြတယ် မာ့ခ်အတွက်တော့
နိဗ္ဗန်ထက်ကိုပိုပါတယ်

အရမ်းပျော်ဖို့ကောင်းတာပဲ...

ဘယ်နေရာလက်ညှိုးထိုးထိုးဖရဲသီးတွေ
ချည်းမြင်နေရတယ် တိုက်တိုက်ဆိုင်ဆိုင်ပဲ
ဒီနေ့ဟယ်ချန်းကလည်းတီရှပ်အနီရောင်
ဝတ်လာပြီးအစိမ်းရောင်အပေါ်ဝတ်ရှပ်က
လေးထပ်ဝတ်ထားတော့ဖရဲသီးလေးတွေ
နဲ့တောင်တူနေသေးတယ်

With LoveWhere stories live. Discover now