Part 4

398 91 34
                                    

မာ့ခ်နဲ့ဟယ်ချန်း နှစ်ယောက်သားကိုလာ
တစ်ခွက်ဆီနဲ့နှုတ်ဆိတ်နေကြတယ်

ဘာဖြစ်နေကြတာလဲဆိုတော့အီဟယ်ချန်း
စိတ်ကောက်နေတာပါ

"တကယ် အခုမဟုတ်တော့ပါဘူးဆိုကွာ"

သူ့ရှေ့မှာနှုတ်ခမ်းဆူနေတဲ့ဝက်ဝံလုံးကို
မာ့ခ်ကချော့သလိုလေသံနဲ့ပြောတယ်
ဝက်ဝံလုံးလေးကတော့နှုတ်ခမ်းဆူနေရ
ကနေခြင်္သေ့တစ်ကောင်နဲ့ထသတ်တော့
မယ့်ပုံပြောင်းသွားပြီး

"ဒါပေမယ့်ဖြစ်ခဲ့တာပဲလေ ငါကတော့
မင်းအတွက်ဆိုပြီးမုန့်ဖိုးတွေစုပြီးဖရဲသီး
တွေဝယ်ကျွေးလိုက်ရတာ မင်းကတော့"

ပြသနာဘယ်ကစလဲဆိုတော့ ကျုံးကော်
သားချန်းလော့ယူလာတဲ့မုသားဖော်စက်
ကနေ စတာပါ

"ဒီကိုလာ ဒီကိုလာ ငါမုသားဖော်စက်ဝယ်
လာတယ် စမ်းကြည့်ကြမလား"

ဒီနှစ်မှကျောင်းသားသစ်အနေနဲ့ပြောင်းလာတဲ့ကျုံးချန်းလော့ဆိုတဲ့တရုတ်လေးက
တော်တော်သွက်သွက်လက်လက်ရှိတယ်
ဟယ်ချန်းလိုအမွှေစိန်လေးကိုတောင်ပါး
စပ်ပိတ်သွားရမယ့်အထိလည်းပြောတတ်
သေးတယ်

"မာ့ခု မင်းအရင်လုပ်ကြည့်"

ချန်းလော့ကအဖေတစ်ယောက်ရဲ့လေသံ
လိုမျိုးနဲ့မာ့ခ်ကိုမုသားဖော်စက်ပေါ်လက်
တင်စေတယ်

"အီဟယ်ချန်းကိုချစ်လား မုန်းလား"

"ဟင်"

ချန်းလော့ရဲ့မေးခွန်းကြောင့်မာ့ခ်လန့်သွား
ရတယ် ဒီတရုတ်လေးကအတန်းထဲက
လူတော်တော်များများကိုလိုက်ပေးစား
တတ်တဲ့အကျင့်ရှိတယ်လေ

"အီဟယ်ချန်းကိုချစ်လား မုန်းလား လို့ဆို"

ချန်းလော့ကအသံကျယ်ကျယ်နဲ့ထပ်မေး
တယ် ဟယ်ချန်းကလည်းချန်းလော့ပုခုံး
ကိုလှမ်းဖက်ရင်း

"ဖြေလေ ဖြေလေ"

ဟယ်ချန်းကဒီအဖြေကိုအရမ်းသိချင်နေမိ
တယ် သူရင်းထားရတဲ့ဖရဲသီးတွေကတန်
လားမတန်ဖူးလားဆိုတာသိချင်တယ်လေ

"အဟမ်း ချစ်တယ်"

မာ့ခ်ရဲ့ ချစ်တယ် ဆိုတဲ့အသံလေးမှာ
ဟယ်ချန်းရင်ခုန်လွန်းလို့ချန်းလော့ပုခုံးကို
ပိုတင်းနေအောင်ဖက်မိလိုက်တယ်

With LoveWhere stories live. Discover now