" ဒီကြမ်းပြင်ပေါ်က သွေးတွေတောင် မထိမိစေနဲ့..... နောက်ဆုံးအကြိမ် သတိပေးတာ ၊ ကျုပ် မပေးနိုင်တာတွေကို လာမတောင်းနဲ့ "

ခက်ထန် နှာခေါင်းရှုံ့လျက် ခနဲ့ပြုံးလေးပြုံးလိုက်သည် ။ သူ့အား လျစ်လျူရှုနေသော ထည်ဝါလင်းရှိန်၏ ပုခုံးပေါ်သို့လက်တင်လျက် အခန်းထဲမှ ထွက်ခွာသွားရန် ခြေလှမ်းတို့်  ပြင်လိုက်၏ ။

" ခဏလေး... ငါ ကိုးလ်နဲ့ စကားပြောချင်တယ် ခက်ထန်!  "

မဟာနေသွေးသည် တုန်လှုပ်နေသော နှုတ်ခမ်းဖျားဖြင့် နောက်မကျသေးခင် တစ်ခုခုကို ဆုပ်ကိုင်မိချင်သေးသည် ။ သူ ဘာမှမလုပ်နိုင်လိုက်ပါက သူ ချစ်ရသောသူ ဘယ်လိုအခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရလေမလဲ..... သူ ဆက်ပြီးပင် မတွေးရဲတော့ပေ ။

ခက်ထန် အကြည့်များက စူးရဲလာကာ ရှိရင်းစွဲမျက်လုံးဝိုင်းကြီးများထဲမှ မီးတောက်များက
အပြင်သို့ လွင့်စင်ထွက်လာသလို ထင်နေမိသော်လည်း သူ မမှုဘူး ။ သူ လိုချင်သည်မှာ ထည်ဝါလင်းရှိန် တစ်ယောက်တည်း... ။

" ကျုပ်က ပြောခွင့်ပေးမှာ မဟုတ်ဘူး "

" ခက်ထန်... ငါ အကိုနဲ့ စကားပြောမယ်"

" ခင်ဗျား ပါးစပ်ပိတ်ထား... ဒီကထွက်ရင် အပြင်မှာ ခင်ဗျား ၀န်ထမ်းတွေ ရှိတယ် ။ စောက်ရှက်ကွဲသွားချင်လား?  "

ခက်ထန်ဟာ သိပ်ကို မိုက်ရိုင်းလွန်းသည် ။ သူ့ထက်၁၀နှစ်နီးပါး ကြီးတဲ့သူတွေအပေါ် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံလိုက်ရခြင်းအတွက် ဂုဏ်ယူနေပုံလည်း ပေါ်သည် ။

ထို့နောက် စိုးရိမ်စိတ်ကြီးလွန်းနေသော မဟာနေသွေးဘက်သို့ လှည့်၍

" အလုပ်ကိစ္စမှန်သမျှ ခင်ဗျားအဖေနဲ့ပဲ စကားပြောမယ်... "

" နေဉီး ခက်ထန်!  ...  မင်း ဒါ ဘာလုပ်တာလဲ ၊
မင်း စကားကို မင်းမေ့သွားတာလား? "

" ကျုပ်စကား? .... ခင်ဗျား ညံ့သေးတာပဲ ၊ အသက်ပဲကြီးလာတာ... ဦးနှောက်ကြီးမလာဘူး ။ ကျုပ်ကိုယ်ကျုပ် နေ့တိုင်း သတိပေးနေကျ စကားတစ်ခွန်းရှိတယ် ။ 'ငါ့စကားကိုတောင် ငါ ပြန်မယုံမိစေနဲ့ ' တဲ့... ။ အဲဒါကြောင့် ခင်ဗျားလည်း ကျုပ်ကို မယုံနဲ့....  "

You are my husband (Season 1)Completed  Where stories live. Discover now