part 6

15.6K 980 43
                                    

တစက်စက် ဖွားဖွားလေး ကျဆင်းလာသော မိုးပြေးလေးများကို ကြည့်ကာ ဦးထည် မကျေမချမ်းနိုင်အောင် ဖြစ်ရ၏ ။ တကယ်ဆို မိုးက သည်းကြီးမည်းကြီးကို ရွာသင့်တာဟု သူ ထင်သည်။

သူ့အသက် ၁၈ နှစ်အရွယ်တွင် ၈နှစ်သား ခက်ထန်ဟာ မိုးသည်းစွာ ရွာသွန်းသော ညတစ်ည၌ သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ တညတာကို အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းခဲ့ဖူးသည် ။ ထိုကလေးအပေါ် ဖက်တွယ်ထားသော သူ့လက်များသည် အတိုင်းအတာတစ်ခုအထိတော့ ဖြူစင်ခဲ့ဖူးသည် ။ "ကိုကို " ဟူ၍ ကပ်တွယ်နေတတ်သော ခက်ထန် သည် အိမ်မီးလောင်ခြင်း အမှု ပြီးဆုံးသွားသည်နှင့် သူ့အား ပထမဆုံးအကြိမ် ခေါ်ဆိုလာသည်က "ဦးထည်" တဲ့.... ။ ဒီ နာမ်စားလေးက အမှန်တကယ်ကို ခါးသက်လွန်းနေ၏ ။ သို့်ပေမဲ့ အနည်းဆုံးတော့ ဒီကလေး သူ့ကို ခေါ်ပြောနေသေးသည် မဟုတ်လား.... ။

မျက်စိရှေ့တွင် အရွယ်ရောက်လာသော ခက်ထန် ရင်ထဲ တခြားသူတစ်ယောက် နေရာယူလာမည်ကို ထည်ဝါလင်းရှိန် ဟာ စိုးရိမ်စိတ်ဝင်ခဲ့ဖူးသည် ။ ဒါတွေဟာ သူ့ ၀န်တိုစိတ်များ အစပြုရာများ ဖြစ်နေလေမလား ။ ခက်ထန် ရည်းစားထားမည်ကို စိုးရိမ်စိတ်ဖြင့် လက်ပါခဲ့သည်အထိ ရူးမိုက်ခဲ့ဖူးသည်။ နောက်ဆုံး ပြန်ရခဲ့သည်က နာနာကျည်းကျည်း ငေးကြည့်လာသော မျက်လုံးဝိုင်းကြီးများ.... ။ အရာအားလုံးမေ့ပျောက်ကောင်း မေ့ပျောက်နိုင်ပါရဲ့.... ။ ခက်ထန် နဲ့ ပတ်သက်သမျှ ပျော်ရွှင်မှု နှင့်အတူ နာကျင်မှုများကတော့ သူ့နှလုံးသားမှာ တပွေ့တပိုက်နဲ့ပေါ့.... ။

ခက်ထန် ၏ ဖခင်ဆီမှ ထွက်ပြေးခဲ့စဉ်က သူ့အား ယုံကြည်လက်ခံပေးခဲ့သည်မှာ နွေးဧကရီ၏ ဖခင်ဖြစ်နေခဲ့သည့် အကြောင်းလေးတစ်ခုဖြင့် နွေးကို မချစ်ဘဲ လက်ထပ်ခဲ့ရသည် ။ သို့်သော် တစ်နှစ်ထက်တစ်နှစ် မျက်စိရှေ့တွင် ကြီးပြင်းလာသော ခက်ထန်သည် သူ့နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့သည် ။ သူ့စိတ်ကို အရိုင်းဆန်စေခဲ့သည် ။

သူ မမြင်ချင်ဆုံးပေါ့... ။ ချစ်ရသူနဲ့ အမည်ခံဇနီးလေးတို့ရဲ့ ရမ္မက်သံတွေ... ။ ခက်ထန်ဟာ သူ အိမ်မှာ ရှိနေသည့်အချိန်ကိုများ ရွေးချယ်ခဲ့လေသလား ။

You are my husband (Season 1)Completed  Where stories live. Discover now