*91* ကလေးတွေအမေ

Start from the beginning
                                    

ဒါမှမဟုတ် ဖြစ်နိုင်တာက....

ရုန်ယိ ရန်ချိုးရွှမ်ဘက်ကို လှည့်ကြည့်လိုက်မိသည်။
သူမက သူ့ကို ဝိညာဥ်စွမ်းအားသုံးပြီး ညှို့ယူလိုက်တာများလား...

"သူ့ကျင့်ကြံဆင့်အရဆိုရင် ငါတို့ဒီမှာပုန်းနေတာ သူသိနေလောက်ပြီ..ဒါကြောင့် ယောက်ျားတစ်ယောက်လိုမျိုး ဝင်သွားပြီး သူ့ကိုဝတ်စုံသာသွားပေးလိုက်..မင်းသာ ယောက်ျားဆိုရင်  သူ့ကို ရေသုတ်ဖို့ပုဝါတစ်ထည်ကမ်းပေးလိုက် ပြီးတော့ မင်းသိပါတယ်..အဲ့တာ...."

ရုန်ယိ အံကြိတ်ကာ တိုးတိုးလေးကပ်ပြောလိုက်သည်။
"တစ်ကယ့်ယောက်ျားအစစ်က တစ်ခြားယောက်ျားတစ်ယောက်လှဲချတာကို ဘယ်တော့မှမခံဘူး!"

ရန်ချိုးရွှမ် နှာခေါင်းရှုံ့လိုက်၏။
"ဒါဆိုလည်း မင်းကိုယ်မင်း မိန်းမလို့သာတွေးလိုက်တော့..အိုး..ဟုတ်သား..ဒါက မင်းရဲ့ပထမဆုံးအကြိမ်ဆိုတာမေ့တော့မလို့..ဘာလုပ်ရမလဲဆိုတာ မင်းသိမှာမဟုတ်ဘူး"

ထို့နောက် သူမက စာအုပ်တစ်အုပ်ကိုထုတ်လိုက်ကာ အဓိကအချက်နေရာကိုသာ တန်းလှန်လိုက်ပြီး အဆင့်တွေကိုသေချာမှတ်ထားဖို့ ရုန်ယိကိုပြောလိုက်သည်။
"မှတ်ထားနော်..မင်းကိုယ်မင်း ထိခိုက်အောင်မလုပ်နဲ့"

ရုန်ယိမှာ ယောက်ျားနှစ်ယောက် ဆက်ယှက်နေတဲ့ပုံကိုကြည့်ပြီး သူ့မျက်လုံးထောင့်တွေ တွန့်သွားရ၏။ သူ့မှာ ဒါကိုတောင် ဆက်မကြည့်ရဲတော့ပေ။

"သိမ်းထားလိုက်"
ရန်ချိုးရွှမ်က စာအုပ်ကို သူ့လက်ထဲထည့်ပေးလာသည်။
"ဒါက တစ်နေ့တော့ မင်းအတွက်အသုံးဝင်လာလိမ့်မယ်..မှတ်ထား..ကိုယ့်ရဲ့တွဲဖက်ကို စိတ်ကျေနပ်အောင်မလုပ်ပေးနိုင်တဲ့သူက လက်တွဲဖော်ကောင်းမဟုတ်ဘူး"

ရုန်ယိ အသက်ပြင်းပြင်းရှူလိုက်ပြီး
"ကျွန်တော့်မှာ ဒီလိုကိုယ်ဝန်ကြီးနဲ့ကို ဒီလိုကိစ္စတွေလုပ်တာ သင့်တော်မယ်လို့ အမေထင်လို့လား"

"အရမ်းမကြမ်းတမ်းသရွေ့ ပုံမှန်လေးလုပ်တာဆိုရင် ကလေးအတွက်တောင် တစ်မျိုးကောင်းသေးတယ်"
ရန်ချိုးရွှမ်က ထွက်မသွားခင် ထပ်ပြောသွားသေး၏။
"ယိအာ..မင်းမှာ သူ့အတွက်ခံစားချက်တွေရှိနေတယ်ဆိုတာ အမေပြောနိုင်တယ်...ဒီလိုဆိုမှတော့ မင်းဒါကို တန်ဖိုးထားပြီး ဒီ့အတွက်ကြိုးစားသင့်တယ်..သူ့ကိုချစ်ဖို့ ကြိုးစားကြည့်ပေါ့..အကယ်၍ သူ့နှလုံးသားကိုမရနိုင်ခဲ့ရင်တောင်မှ ကြိုးစားကြည့်ခဲ့သေးတာကြောင့် ဝမ်းနည်းရုံဘဲခံစားရမှာ..ကျန်တဲ့တစ်ဘဝလုံးကို နောင်တတွေရော ဝမ်းနည်းမှုတွေရောနဲ့ပါနေထိုင်သွားရမှာတော့ မဟုတ်တော့ဘူး"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now