" ရောက်ရင် သိမှာပေါ့ ။ ဘာလို့ စိတ်မရှည်
ဖြစ်နေရတာလဲ "

" ဒီနေ့က အရေးကြီးတယ်လေ ။ ကို မနက်
ဖြန် ဝတ်မယ့် မင်္ဂလာဝတ်စုံတောင် သွား
ရွေးရသေးတာ မဟုတ်ဘူး "

ရွှင်လန်းနေတဲ့ ကောင်လေး မျက်နှာက
အနည်းငယ် ယွင်းသွားခဲ့သည် ။ မျက်ရည်
လေးတောင် ဝဲတက်လို့ ....

" စိတ်မပူပါနဲ့ ။ ကျွန်တော် အမှီ ပြန်ပို့ပေး
ပါ့မယ် "

" အနည်းဆုံးတော့ ဘယ်သွားမှာလဲဆိုတာ
ကို့ကို ပြောပြသင့်တယ် မထင်ဘူးလား ? "

" ဘာလို့ အဲ့လောက် စိတ်မရှည် ဖြစ်နေရတာ
လဲ ယွန်းဂီ ... ကျေးဇူးပြုပြီး ခဏလေး သည်း
ခံပေးလို့ မရဘူးလား "

" မင်းပဲ မင်္ဂလာပွဲကို အကောင်းဆုံး ဆိုတာပဲ
ဖြစ်စေချင်ခဲ့တာ မဟုတ်ဘူးလား ? အရင်
ရက်တွေတုန်းကလဲ မင်းအတွက် အချိန်ပေး
နေခဲ့ရလို့ ကို ဘာမှ မစီစဉ်နိုင်ခဲ့ဘူး "

ရင်ဘတ်ထဲက နာကျင်မှု့တွေကို ယွန်းဂီ မမြင်
နိုင်လို့များ ဒီလောက်ထိ ရက်ရက်စက်စက်
ပြောလေသလား ။

ရက်စက်မှု့အပြည့်နဲ့ ဒီစကားတွေက တကယ်
ပဲ ယွန်းဂီ ရင်ထဲက လာတဲ့ အမှန်တရားတွေ
လား ။ ဂျီမင်း ပါးပြင်ပေါ် စီးကျလာတဲ့ မျက်
ရည်စတွေကို လက်ခုံနဲ့ ခပ်ပြင်းပြင်း ဖိသုတ်
ပြီး ကားကို အရှိန်တင် မောင်းလိုက်သည် ။

ယွန်းဂီကတော့ သတိမထားမိသလို အပြင်
ကိုသာ ငေးလျက် ။

ခုတ်မောင်းလာတဲ့ ကားငယ်လေးက ဒယ့်ဂူ
အလွန်က တောအုပ်စွန်လေးဆီ ရောက်လာ
ခဲ့သည် ။ မြို့ပြင်နားဖြစ်၍ လူနေကျဲပေမယ့်
ခြံဝန်းကျယ်တွေနှင့် နေထိုင်သူများ ရှိသေး
သည် ။

ထိုခြံဝယ်ကျယ်တွေရဲ့ အလွန်နားက အိမ်
တစ်လုံးရှေ့ အရောက်မှာ ဂျီမင်းကားရပ်
လိုက်သည် ။

နှစ်ထပ်အိမ်ကလေးက နူးနူးညံ့ညံ့လေးနှင့်
လှပသည် ။ သစ်ပင်ကြီးငယ်တွေ ရှိနေသည့်
ခြံဝန်းကြီးက အတော်လေး ကျယ်ဝန်းသည် ။
စိမ်းစိုနေတဲ့ မြက်ခင်းပြင်ကျယ်နဲ့ လန်းဆန်း
စေတဲ့ လေနုအေးတွေကလည်း တမြူးတထူး
နှင့် ။

WALLY BOSS ||YOONMIN [completed]Where stories live. Discover now