သဝန်တိုတယ် ဆိုမလား(သဝန်တိုတယ် ဆိုမလား)

3.5K 635 33
                                    

အအေးဓာတ်တို့က ပိုသည်ထက်ပိုလို့လာသည်။

ချမ်းလွန်း၍ ပေါင်ကြားထဲလက်ထည့်ကာ
အိပ်ပျော်နေသည့် ရိပေါ်ကို အခန်းပြင်မှ
ငေးကြည့်နေသည့် ရှောင်းကျန့်။ထိုလူသားကတော့ စိတ်ချလက်ချ အိပ်စက်နေပေမဲ့
ရှောင်းကျန့်ကတော့ဖြင့် အိပ်မရခြင်းများစွာနှင့်
ကျန်ခဲ့ရသည်။

ရိပေါ်အခန်းရှေ့မှ ခွာပြီး ကိုယ့်အခန်းထဲ
ပြန်ရောက်သည်နှင့် စားပွဲဘေးမှာ အမြဲတင်ထား
မိသည့် ကျင်းရှင်းကျောက်လေးကို ကောက်ယူ
လိုက်မိသည်။ခရမ်းရောင် ကျောက်ကလေးက
ရှောင်းကျန့် လက်ချောင်းတွေထဲ တောက်ပစွာ

Venusမှာတုန်းက မကိုဋ်ထဲ နေခဲ့ရသည့်
ကျင်းရှင်းသည် ယခုတော့ သာမာန်သစ်သား
စားပွဲလေးအပေါ်တွင် ရှိနေရပြီး သူသည်လည်း
သာမာန် လူသားတစ်ယောက်အနေနှင့်သာ
လည်ပတ်နေရသည်။ကျောက်ကလေးကို
လှည့်ပတ်ကြည့်နေရင်းမှ သူ့အတွေးတို့က
ခမည်းတော်နှင့် သူ့Venusဂြိုဟ်သားတို့ဆီ။

ဒီအချိန်လောက်ဆို တိုက်ပွဲက ပြီးလောက်ပြီ
ဆိုပေမဲ့ ရှောင်းကျန့်ဆီလာနိုင်ဉီးမှာမဟုတ်သေး။
အရာအားလုံး ပြီးလို့ ခမည်းတော်လာခေါ်သည့်အခါ အရင်ရှောင်းကျန့်အနေနှင့် ပြန်လိုက်သွား
နိုင်ပါ့မလား သူစိုးရိမ်မိသည်။

"{*နှလုံးသားဆိုတာ အသက်ရှင်ဖို့အတွက်
ပုံမှန်ခုန်နေပေးရုံပဲ လိုတယ်။အဲ့ထက်ထူးပြီး
သူ့တာဝန်ထက် ပိုလုပ်လာရင်တော့ မင်းက
ငါသင်ကြားပေးထားတဲ့ အိမ်ရှေ့စံရှောင်းကျန့်
မဟုတ်တော့ဘူး!*}"

ခမည်းတော်စကားတို့ ပြန်ကြားယောင်မိသည်လေး ကပင် ထိတ်လန့်မှုနှင့် သူ့မျက်ဝန်းတွေကို
မှိတ်ချလိုက်မိစေသည်။လက်ထဲမှ ကျင်းရှင်း
ကျောက်လေးကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း
သက်ပြင်းမောကြီး ချမိနေတုန်း အခန်းတံခါးဝမှာ
လာရပ်ကာ သူ့အားကြည့်နေသည့်ရိပေါ်။
အကြည့်ချင်း စုံမိသွားသည့်အခါ အနည်းငယ်
ထိတ်လန့်သွားသော သူ့ကိုကြည့်လို့ ရိပေါ်က
ပြုံးသည်။ပြီးနောက်မှာတော့ သူ့အနား
တစ်လှမ်းချင်းတိုးလာရင်း...

"ဘာဖြစ်နေတာလဲ။စောနကတည်းက အခန်းရှေ့မှာ လာရပ်ကြည့်နေတယ်။မသိရင် လုပ်ကြံ
သတ်ဖြတ်တော့မှာ ကြလို့"

Venus(Completed)Where stories live. Discover now