စိတ်ရိုင်းဝင်နေတဲ့ ရင်းဆုယဲ့က ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့အထိ စွမ်းအားကြီးမားတယ်။ စကားတစ်လုံးတည်းနဲ့ ရည်ညွှန်းပြရရင် ‘လူသားတွေထက်သာလွန်တယ်’။

ရင်းဆုယဲ့ : “တည်ငြိမ်တာထက်တောင် လွန်သေးတယ်..!”

ဒါပေမဲ့ ဒီကောင်လေးရဲ့ စိတ်ထဲမှာ သူ,မရှိဘူးလို့ စဉ်းစားမိလိုက်တဲ့အချိန်တိုင်း သူ့ကိုယ်သူ ထိန်းချုပ်လို့မရတော့ဘူး။ သူ့ရဲ့ သွေးနီရောင်မျက်ဝန်းတွေက မှိန်ဖျော့မသွားတဲ့အပြင် ပိုပြီးရဲတောက်လာခဲ့တော့တယ်။

“…………….”

ပြင်းထန်တဲ့ ဖိအားတွေကို ထုတ်လွှတ်ပြီး မလှုပ်မယှက်ထိုင်နေတဲ့ ရင်းဆုယဲ့ကို ဒီအတိုင်း ကြည့်လိုက်ရင်တော့ တည်ငြိမ်နေတယ်လို့ ထင်ကောင်းထင်နိုင်တယ်။ တကယ်လို့ သူ့ရဲ့မျက်ဝန်းတွေသာ နီရဲမနေခဲ့ရင်ပေါ့။

ရင်းဆုယဲ့ စိတ်မလွတ်သေးတာ ကံကောင်းတယ်လို့ပဲ ပြောရမလား..? မဟုတ်ရင် ပထမဆုံး ကံဆိုးသွားမယ့်လူက သူ ဖြစ်သွားနိုင်တယ်..! လောလောဆယ် တိတ်ဆိတ်ငြိမ်သက်သွားတဲ့ ဒီအခြေအနေကို ဘယ်လိုဖြိုခွင်းရပါ့မလဲ..?

အို့.. ဟုတ်သားပဲ..!

ရုတ်တရက် စွမ်းအင်မငြိမ်မသက်ဖြစ်လာတဲ့ အကြောင်းအရင်းက ရင်းဆုယဲ့ပြောခဲ့သလို သူက အရာရာကို အလေးမထားဘူးဆိုတဲ့ ကိစ္စကြောင့် မဟုတ်လား..? သူသာ အဲကိစ္စကို သေသေချာချာ ရှင်းပြလိုက်ရင် ရင်းဆုယဲ့ စွမ်းအားဖောက်ပြန်တာ ရပ်တန့်သွားနိုင်လောက်လား..?

“ရင်းဆုယဲ့.. နားထောင်ပါဦး..! တကယ်လို့ ကျွန်တော်သာ ဘယ်အရာကိုမှ အလေးအနက်မထားဘူးဆိုရင် ခင်ဗျားအတွက်နဲ့ ဒီကမ္ဘာရဲ့ ပုံမှန်ဇာတ်ကြောင်းကို ဖျက်ဆီးပစ်ခဲ့မှာမဟုတ်ဘူးလေ..?”

တစ်ခဏတွေးတောလိုက်ပြီးနောက် ရွှယ်ယို့ရှန်းက သေသေချာချာ ရှင်းပြလိုက်တယ်။ အနည်းဆုံးတော့ သူ့စိတ်ထဲမှာ ရင်းဆုယဲ့ရှိနေတယ်ဆိုတာကို သိစေချင်တယ်။

ဒီကမ္ဘာပေါ်ကို ကူးပြောင်းလာခဲ့ပြီးကတည်းက ရင်းဆုယဲ့တစ်ယောက်တည်းနဲ့ပဲ သိကျွမ်းခဲ့ရတာလေ။ သူ့မှာ တခြားအသိအကျွမ်းတွေလည်း ရှိတာမဟုတ်ဘူး။ အဲ့တော့ ရင်းဆုယဲ့ကို ဥပမာအနေနဲ့မသုံးရင် ဘယ်သူ့ကိုသုံးရမှာလဲ..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now