ပြီးတော့ ဒီကမ္ဘာပေါ်မှာ သက်ရှိလူသားတွေအပြင် သက်မဲ့အရာဝတ္ထုတွေလည်း အများကြီး ရှိနေသေးတယ်။ လူတိုင်း၊ အရာဝတ္ထုတိုင်းကို သူရဲ့ဝတ္တုထဲမှာ အသေးစိတ်ရေးဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ အဲ့တာကြောင့် သူ့ဝတ္တုထဲမှာမပါတဲ့ လူတွေ/ဇာတ်ကွက်တွေနဲ့ တွေ့ဆုံကြုံကြိုက်လာတဲ့အခါ ဆင်ခြေပေးလို့ရအောင် 'တချို့လူတွေရဲ့ကံကြမ္မာ'လို့ သုံးလိုက်ခြင်းဖြစ်တယ်။

“အဲ့တော့ ဒီကမ္ဘာမှာရှိနေသမျှ အရာအားလုံးကို ကစားပွဲတစ်ခုလို သဘောထားနေတာလား..?”

ဒီကမ္ဘာနဲ့ပတ်သက်ပြီး ရွှယ်ယို့ရှန်း ဘယ်လိုပဲရှင်းပြနေပါစေ၊ ဒီကောင်လေးက သူ့တို့ကမ္ဘာကြီးအပေါ်မှာ အလေးအနက်မထားဘူးဆိုတာ ရင်းဆုယဲ့ သိနေခဲ့တယ်။

“………..”

ရင်းဆုယဲ့ရဲ့ စကားလုံးတွေကို ဘယ်လိုပြန်ချေပရမလဲသိတော့ဘူး.. ဘယ်လိုလုပ်ရမလဲ..?

“ကြည့်.. အချိန်တိုင်းပဲ..! မင်းအတွက် ဒီကမ္ဘာပေါ်မှာ အရေးပါတဲ့အရာ မရှိသလိုပဲ..!”

ရင်းဆုယဲ့တစ်ယောက် ရွှယ်ယို့ရှန်းဆိုတဲ့ကောင်လေးကို သူ့လက်ထဲ ဖမ်းဆုပ်ထားလို့မရသလို ခံစားလိုက်ရတယ်။ ပထမဆုံးအကြိမ် သူနဲ့ရွှယ်ယို့ရှန်းကြားမှာ အရမ်းကွာဝေးလွန်းနေတာကို နားလည်သဘောပေါက်လိုက်တာပဲ။

ထိုအခါ အစောပိုင်းက ဖိနှိပ်ထားခဲ့တဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေက ပြန်လည်ဖုံးလွှမ်းလာခဲ့လေတယ်။ ရင်းဆုယဲ့ရဲ့ အရောင်ကွဲမျက်ဝန်းအစုံထဲမှာ သွေးနီရောင် အလင်းဖျော့ဖျော့တစ်ခု ဖြတ်ပြေးသွားခဲ့တယ်။

“ရင်းဆုယဲ့.. ခင်ဗျားစိတ်မလှုပ်ရှားနဲ့ဦး.. စိတ်ထိန်းထားဦးနော်..!”

ရင်းဆုယဲ့ရဲ့ စွမ်းအားဖောက်ပြန်တော့မယ့် အခြေအနေကို မြင်လိုက်ရတာကြောင့် ရွှယ်ယို့ရှန်းရဲ့ နဖူးထက်မှ ချွေးသီးချွေးပေါက်များ တလိမ့်လိမ့် ကျလာခဲ့တော့တယ်။ သူ့ရဲ့ လက်ရှိခန္ဓာကိုယ်သေးသေးလေးက ရင်းဆုယဲ့ စိတ်ရိုင်းဝင်တာကို တားဆီးနိုင်လောက်တဲ့ အစွမ်းအစမျိုး မရှိဘူးလေ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now