စည်းအခန်းကျယ်ကြီးကို ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့ ခါးထောက်ပြီး အပြစ်ဖွဲ့နေတဲ့သသလက်ကိုလှမ်းဆွဲလိုက်ပြီး သူ့ပေါင်ပေါ်ထိုင်စေသည်။

"အဟွန်း စိတ်လျော့ပါကလေးရာ အခု သူ့ကို ကိုယ်အလုပ်ထုတ်လိုက်ပြီလေ "

"အင်းးး ဦးကြောင့် စိတ်ပြေသွားပြီ သသကို အရိုက်မခံရအောင် ကာကွယ်ပေးလို့ "

စည်းရဲ့ပုခုံးကို သိုင်းဖက်ကာ မျက်နှာက စည်းနဲ့နီးကပ်အောင် ပုခုံးပေါ်တင်လိုက်သည်။

"အဲ့အတွက် ဆုမပေးချင်ဘူးလား "

"ဆု..."

"အင်း "

"ဘာဆုလဲ "

"ဒီလို "

စည်းက သသမေးစေ့ကိုဆွဲမော့ပြီး နှုတ်ခမ်းပါးကို အသာဖိနမ်းသည်။

"ဦး‌မကောင်းဘူး သသကိုဆို အမြဲတမ်းနမ်းချင်နေတယ် မုန်းတယ်ပြောရင်လည်း နမ်းတယ် မနက်ဆိုလည်း morning kissလို့ပြောပြီးနမ်းတယ် အလုပ်သွားရင်လည်း နမ်းတယ် ပြန်လာရင်လည်း နမ်းတယ် အိပ်ယာဝင်ရင်လည်း အမြဲနမ်းတယ် အိပ်နေရင်လည်း ခိုးနမ်းတယ် အချိန်တိုင်းနမ်းချင်နေတာ ဦးက နှာဘူးအကြီးစားကြီး"

"အဲ့တာက ကလေးနဲ့မှဖြစ်တည်လာတဲ့ စိတ် ကလေးကိုယ့်နားမှာရှိနေရင် မရတော့ဘူး "

စည်းက သသပါးလေးကို ချိုင့်ဝင်သွားအောင်နမ်းရင်း ပြုံးကာ ပြောသည်။

"တော်ပြီနောက်ခါ ဦးနားမကပ်တော့ဘူး သားနဲ့ပဲအတူအိပ်တော့မယ်"

"မရဘူးနော် ကိုယ်ခွင့်မပြုဘူး ကိုယ့်မိန်းမက ကိုယ့်နားပဲအိပ်ရမယ်"

"သားလည်း အမေနဲ့အိပ်ချင်မှာပေါ့ သားကို အလယ်မှာထားပြီး အိပ်ရင်ရော ဟင် ဦး..."

"မရပါဘူး ကလေးက ကိုယ်နဲ့ပဲအိပ် ကလေးအနားမှာမရှိရင် အိပ်လို့မပျော်ဘူး "

"ဦးက အတ္တကြီးတယ်သိလား သသကိုဆို အမြဲတမ်းချည်နှောင်ထားတယ် "

"ကလေးအတွက် အဆင်မပြေဘူးလား "

စည်းက မျက်နှာမကောင်းစွာမေးလိုက်တော့ သသကခေါင်းခါပြီး စည်းရဲ့နှုတ်ခမ်းကို တစ်ချက်နမ်းသည်။

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now