" ဒိတ် မြန်မြန်လာ "

ကျွန်တော်တို့နှစ်ယောက်နဲ့ မမမိုး မျက်နှာချင်းဆိုင် video call ပြောနေကြသည်။

" နေကောင်းကြလား နှစ်ယောက်လုံး "

" ဟုတ်ကဲ့ "

နှစ်ယောက်အတူ ခေါင်းညိတ်ပြီး ဖြေလိုက်ကြသည်။

" မိုး မင်းတို့နှစ်ယောက်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ် ဒီကိစ္စကိုလည်း အဆုနဲ့ နေမင်းတို့ကို တိုင်ပင်ပြီးပြီ
သူတို့ကလည်း လက်ခံတယ် သဘောတူတယ် "

" ဘာကိုလဲ မိုး
ဘာတွေ တိုင်ပင်နေတာလဲ "

မမက သိချင်စိတ်နဲ့ စကားဖြတ်ပြောသည်။ ကျွန်တော်ကတော့ ငြိမ်သက်နေဆဲ။

" အခု မင်းတို့နှစ်ယောက် တွဲနေတာကို မိုးသိတယ်
မိုးရဲ့မိဘတွေလည်း ရိပ်မိနေပြီ "

မမမျက်နှာ နီရဲနေပြီး ခေါင်းငုံ့ထားသည်။ ကျွန်တော်က မမမိုး မမြင်အောင် ခုံအောက်ကနေ မမရဲ့လက်ကို ဆုတ်ကိုင် ဖျစ်ညှစ်ထားသည်။

" ဒီတော့ မိုးစဥ်းစားမိတာက
မိုးတို့နှစ်ယောက် ပျက်သလို ဟန်ဆောင်ထားမယ် မိုးရဲ့မိဘတွေကိုလည်း ပျက်သွားပြီလို့ ပြောလိုက်မယ်
ပြီးတော့ မိုးရဲ့သူငယ်ချင်းတစ်ယောက်ယောက်နဲ့ တွဲနေသလို ဟန်ဆောင်မယ်
ဒီတော့ ဇာခြည်နဲ့ ဒိတ်လည်း အဲ့မြို့မှာ နေရထိုင်ရ မခက်တော့ဘူးပေါ့ "

" ပြီးရင်ကော "

မမမိုး စကားရပ်သွားတာကြောင့် ကျွန်တော်မေးလိုက်ပြန်သည်။

" ပြီးတဲ့ကိစ္စက မိုး အဲ့ကိုပြန်လာမှ ဆက်ပြောကြမယ်
အရာရာတိုင်းက ဇာခြည်ရဲ့ ဆုံးဖြတ်ချက်ပါပဲ
သူရွေးချယ်မှုကို မိုးလက်ခံတယ် ဒိတ်လည်း လက်ခံမယ် ထင်ပါတယ် "

" ဟုတ်ကဲ့ လက်ခံပါတယ် "

" ဟုတ်ပြီ ဒါဆို ဒီလောက်ပဲနော် မိုးအလုပ်လေး ဆက်လုပ်စရာရှိလို့ "

" ဇာခြည့်ကို ဂရုစိုက်ပေးပါ ဒိတ် "

" စိတ်ချပါ "

ဖုန်းချသွားတော့မှ မမက မဝံ့မရဲလေး ကျွန်တော့်ကို မော့ကြည့်သည်။ ပြီးတော့ သူပြောနေကျအတိုင်း

မမ ( Complete )حيث تعيش القصص. اكتشف الآن