ရှင်းလေရှုပ်လေဖြစ်နေပုံရတဲ့ Johnကိုကြည့်ပြီး ထိုကလေးအရပ်နှင့်ညီသည်အထိ Carter ကိုယ်ကိုကိုင်းညွတ်လိုက်ကာ

" ​အဲ့ဒါက​​လေ အခု John ကြည့်နေတဲ့ ရုပ်ရှင်တွေ၊ ကာတွန်းတွေ၊ သတင်းတွေ၊ TV show တွေရဲ့တစ်ဝက်လောက်က Ryan ပိုင်တဲ့ Group ကထုတ်တာလို့ပြောချင်တာ။ "

" ဝိုး!!! တကယ်ကြီးပေါ့နော်။ "

" လူတွေက Ryan ကိုယ်ပိုင်ဘဝအကြောင်း အမြဲစိတ်ဝင်စားနေကြတာ။ Ryan ရုတ်တရက်ကြီး သားတစ်ယောက်ရလာတယ်ပြောရင် အကုန်လန့်ဖြန့်ကုန်ကြလိမ့်မယ်။ "

" ဟုတ်၊ အခု နားလည်သွားပါပြီ။ ဒါဆို ကျွန်တော်က ဘယ်လိုနေပေးသင့်လဲဟင်။ "

" ဘာမှ ထူးထူးခြားခြား လုပ်စရာမလိုပါဘူး။ အတိတ်အကြောင်းတွေသာ လျှောက်မပြောရင် ရပါပြီ။ အထူးသဖြင့် ကိုယ်ရေးကိုယ်တာ မေးခွန်းတွေ အမေးခံရတဲ့အခါပေါ့။ ​မေးတဲ့သူက သူငယ်ချင်းပဲဖြစ်ဖြစ် သတင်းထောက်ပဲဖြစ်ဖြစ်။ နားလည်တယ်မဟုတ်လား John။ "

နို့စိမ်ထားတဲ့ Cereal ကို ပါးစပ်ထဲထည့်ရင်း John ခေါင်းငြိမ့်ပြလိုက်သည်။ ရုတ်တရက် ဗိုက်နာလာသလိုလို ဗိုက်အောင့်လာသလိုလိုပင်။ ပြာပုံထဲက Cinderella လေး မင်းသမီးဖြစ်သွားသလိုမျိုး သူ့ကိုယ်သူ ခံစားနေရသည်။ ရုတ်တရက်ဆန်တဲ့ ဒီပြောင်းလဲမှုတွေကို John အသားမကျသေး။ ကိုင်တွယ်နိုင်တဲ့ ခွန်းအားမျိုးလည်း သူ့မှာမရှိ။ ခံတွင်းပျက်သွားတဲ့ John ဇွန်းကို စားပွဲပေါ် အသာလေး ပြန်ချလိုက်သည်။

' Emilyက သတင်းလေး ဘာလေးကြည့်ခဲ့သင့်တာ။ '

ကံမကောင်းစွာနဲ့ပင် Emilyသည် လူ့အဖွဲ့အစည်း ဘယ်လိုလည်ပတ်နေသလဲဆိုတာကို စိတ်မဝင်စားချေ။ Emily သာလက်တလော အဖြစ်အပျက်တွေ၊ သတင်းတွေကို စိတ်ဝင်တစားရှိခဲ့ပါလျှင် သူ့အဖေအရင်းရှာတဲ့ကိစ္စက နည်းနည်းလောက် ပိုလွယ်ခဲ့လေမလား။ ထိုအတွေးလေးတွေးရင်း John နှာခေါင်းကို အသာကုတ်မိသည်။

" မနက်စာစားတာ လက်စသတ်ပြီးရင် သွားကြရအောင်ပါ။ ဒရိုင်ဘာ အပြင်မှာစောင့်နေပါတယ်။ "

" ဟုတ်ကဲ့ဗျ။ "

John ခေါင်းငြိမ့်ပြကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အ​ဆောက်အဦး အပြင်မှာရပ်ထားတဲ့ Rolls-Royce Phantom ဆီသို့လျှောက်သွားလေသည်။ ဤသည်က John ဒီကိုစရောက်တဲ့ ပထမဆုံးနေ့တည်းက ပုံမှန်လုပ်နေရတဲ့ လုပ်ငန်းစဥ်ပင်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Dec 23, 2021 ⏰

Add this story to your Library to get notified about new parts!

ငရဲတွင်းဝမှ အနမ်းပြင်းရှရှ ငရဲတွင်းဝမှ အနမ်းပြင်းရှရှ Where stories live. Discover now