Chapter 4.1- The Child's Father is Ji ZhenTian

Start from the beginning
                                    

သူမက နှလုံးမည်း taxi ဒရိုင်ဘာဆီမှာ ယွမ် 120တောင် အလိမ်ခံလိုက်ရပေမယ့်လည်း  ယွမ် 880ကြီးတောင် ကျန်နေသေးတော့ အိမ်တလုံးငှားပြီး အရင်ဆုံး အခြေချဖို့ လုံလောက်နေသေးတယ်၊ ဒီပမာဏက အချိန်အတိုင်းအတာ တစ်ခုလောက် စားဝတ်နေရေးကို ဖြေရှင်းဖို့ရာ အဆင်ပြေနေသေးတယ်။

ကျီချီစန်းကတော့ မယုံနိုင်စွာနဲ့ မျက်ခုံးတွေ ပင့်တက်လို့လာတယ်။

သူတိူ့တွေ စားသောက်လို့လည်း ပြီးတော့ ကူယွမ်က ပါးစပ်ကို သုတ်ပြီး အကြီးတစ်ယောက်ပုံစံနဲ့ ခပ်တည်တည်ပြောလာတယ် " ဒီထမင်းဖိုးကို ငါရှင်းပါရစေ ၊အခုက ငါတို့ အမေနဲ့ သားအနေနဲ့ ပထမဆုံးတွေ့ဆုံကြတာမလား၊ ဒီတော့ ဒါကို ငါရှင်းလိုက်ပါမယ်၊ အားနာမနေပါနဲ့ "

နောက်တော့ ဝိတ်တာလေး ဝင်လာတာနဲ့ သူမက လှမ်းခေါ်လိုက်တယ် "ဘေလ် တွက်ပေးပါအုံး"

ကျီချီစန်းက တားမလို့ ပြင်နေတုန်းမှာဘဲ ဝိတ်တာက ဘေလ်စာရွက်ကို ကူယွမ်ဆီ တရိုတသေနဲ့ ကမ်းပေးလိုက်တယ်။

ကူယွမ်က ကျီချီစန်းကို အသိအမှတ်ပြုတဲ့အနေနဲ့ လှမ်းပြုံးပြပြီးပြောလိုက်တယ် " ငါဘဲ ရှင်းပါရစေ မဟုတ်ရင် အကြီးတစ်ယောက်ဖြစ်ပြီးတော့....."

ပြောနေရင်း တန်းလန်းနဲ့ဘဲ သူမ စကားက ရုတ်တရက်ကြီး ရပ်လို့သွားတယ်။

နောက်ဆုံးတော့ ဘေလ်ကို မြင်လိုက်ရပြီ။

ဒီဈေးကို မြင်မြင်ချင်းဘဲသူမ  တကိုယ်လုံးနေလို့ထိုင်လို့ မကောင်းတော့ဘူး။

ဒါက....ဘယ်လိုတောင် ဒီလောက်ထိ ဈေးကြီးနေရတာတုန်း?

ထမင်းလေး တနပ်စာလေးဘဲကို ဘယ်လောက်တောင် ရက်စက်လိုက်သလဲ။

ရှိတဲ့ ယွမ် 880နဲ့တောင် လောက်နိုင်ပါ့မလားဘဲ။

ကူယွမ်မှာ ရှောခ့်ရသွားတဲ့အပြင် ရှက်ကိုးရှက်ကန်းနဲ့ မယုံနိုင်လောက်အောင်ဖြစ်နေတယ်၊ ဘယ်လိုတောင် ဈေးကြီးလိုက်တဲ့ ဝမ်းတွင်းမည်း စားသောက်ဆိုင်ကြီးလဲ ?

ကျီချီစန်းက ချက်ချင်းဘဲ ခရက်ဒစ်ကတ်ကို ဆွဲထုတ်လိုက်ပြီးတော့ အလျင်အမြန် ပြောလာတယ် " မား ရဲ့ ပိုက်ဆံတွေကို ဖြုန်းတီးစေလို့ ဘယ်ဖြစ်ပါ့မလဲ ၊ဒါကို ကျွန်တော်ဘဲ ရှင်းလိုက်ပါ့မယ် "

5 Big Shots kneeled and called me Mom ( Myanmar translation)Where stories live. Discover now