Chapter 2.2 - I am your son

685 183 7
                                    

Unicode

အဲ့ဒီကျောက်စိမ်းဆွဲပြားလေးက ကူယွမ်ရဲ့ အမေချန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော အမှတ်တရပစ္စည်းလေးဖြစ်တယ်။

အဖေက သူမအမေ ချန်ထားခဲ့တဲ့ ကျောက်စိမ်းဆွဲပြားလေးကို ကူယွဲ့ဆီ တကယ်ပေးပစ်လိုက်တယ်။

ဖုန်းကျီဟန်ကလည်း အခြေအနေ မဟန်တော့မှန်း‌သိတော့ ချက်ချင်းဘဲ ရှေ့တိုးပြီး ပြောလာတယ်"နင်က ဘာလုပ်ချင်နေတာလဲ ?ငါ့အမေကို ရိုက်ချင်နေတာလား? အခုချက်ချင်း 110ကိူ ခေါ်လိုက်ရမလား၊ ထွက်သွားစမ်း"

အခြေအနေတွေကတော့ တကယ်ကို ပရမ်းပတာပါဘဲ၊ ကူယွဲ့ရဲ့ ယောက်ျားနဲ့ ဖုန်းကျီဟန်ရဲ့ ရည်းစားကောင်လေးကပါ ရှေ့ထွက်လာတယ်၊ 4ယောက်နဲ့ 1ယောက် ယှဉ်ရတော့ ကူယွမ်မှာ တိုက်ခန်းအပြင်ကို မောင်းထုတ်ခံလိုက်ရပြီး ခရီးဆောင်အိတ်ကိုပါ လွှင့်ပစ်ခံလိုက်ရတယ်။

အိတ်က ပွင့်ကျလာပြီးတော့ အဝတ်အစားတေွကလည်း နေရာအနှံ့ဆီ ပျံ့ကျဲသွားတော့တယ်။

ကူယွဲ့ကအနောက်ကနေ မောက်မာစွာ ရယ်မောရင်းနဲ့ ပြောလာတယ် " နင်က ငယ်နေတာဖြစ်ဖြစ် အိုနေတာဖြစ်ဖြစ် ဘာထူးတော့မှာလဲ၊ အလိုက်တာ အခုက လွန်ခဲ့တဲ့ 25နှစ်ကလိုများ ထင်နေလား၊ နင့်မှာ အခု ဘာမှ မရှိတော့ဘူး"

တချိန်တည်းမှာဘဲ အိမ်နီးနားချင်းတွေကပါ အံ့ဩကုန်ကြတယ်၊ လူတိုင်းက ကူယွဲ့ရဲ့ မိန်းမငယ်လေးကို နှိမ့်ချပြီး ပြစ်တင်ပြောဆိုနေတာတွေကို ကြားတော့ ပြောက်တိပြောက်ကျားနဲ့ လူတွေ တဖြည်းဖြည်းစုဝေးလို့လာတယ်။

လူအုပ်ကြီးရဲ့ အကြည့်တွေအောက်မှာဘဲ ကူယွမ်က ခေါင်းကို ငုံ့ပြီး အဝတ်တွေကို တစ်ထည်ချင်းလိုက်ကောက်လို့နေတယ်။

သူမက လွန်ခဲ့တဲ့ 25နှစ်ကတည်းက သေစာရင်းသွင်းခံလိုက်ရတယ်၊ သူမမှာ အခုဆို ဘာမှ မရှိတော့ဘူး၊ အိမ်ကလည်း သူမ အပိုင် မဟုတ်တော့ဘူး၊ဘဏ်ကတ်ထဲက ရှိသမျှလက်ကျန်တွေကလည်း ပျောက်ကွယ်ကုန်ပြီ၊ ကူယွမ် သက်ပြင်းမောကြီးချမိတယ်၊ သူမမှာ ပိုင်ဆိုင်သမျှတွေက ဒီခရီးဆောင်အိတ်နဲ့ အထဲက 880ယွမ်ဘဲ ရှိတော့တယ်။

5 Big Shots kneeled and called me Mom ( Myanmar translation)Dove le storie prendono vita. Scoprilo ora