ငပျင်းကောင်နှင့်တစ်နေ့တာ

6.3K 194 35
                                    

Just for fun

(My best friend is My master!)

###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###_###

"၀သုန်မိုးသား"

၀သုန်မိုးသားဟူသော ကဗျာဆန်ဆန်နာမည်နဲ့ကောင်လေး၏ နာမည်ကို စိုင်းပြည့်စုံ အော်ခေါ်လိုက်သည်။

သကောင့်သား၀သုန်မိုးသားကတော့ အိပ်ယာထဲ ‌ခွေခေါက်‌လို့ကောင်းနေဆဲ။

စိုင်းပြည့်စုံတစ်ယောက် ခွေခေါက်စွာ အိပ်နေတဲ့ သကောင်သား ၀သုန်မိုးသားရဲ့ ပါးကို
ခပ်ဆတ်ဆတ်ရိုက်ချလိုက်သည်။

"အားးး မာမီကလည်း မနိုးနဲ့ဦးလေ"

"ငါမင်းအမေမဟုတ်ဘူး မင်းလင်!"

ဟူသော ဩဇာညောင်းလှသည် အသံကြောင့် ၀သုန် နိုးကာ အင်တင်တင်နဲ့မျက်လုံးဖွင့်ကြည့်လိုက်သည်။

"စိုင်း!"

ဟူသော အသံနဲ့အတူ မျက်လုံးဟာ ပြူးခနဲ!

"၀သုန်မိုးသား~ထရမယ့် အချိန်ကျော်ပြီး အရမ်းတွေ ခွေခေါက်ပြီးအိပ်နေတယ်ပေါ့"

"စိုင်း ဟိုဟာလေ"

"တိတ်စမ်း! ညက မင်းဘယ်ချိန်မှ အိပ်လဲ မှန်မှန်ဖြေနော် ငါဖုန်းစစ်ကြည့်လို့မှ အချိန်တွေ့ရင် မင်းအသေပဲ"

"၄~ ၄နာရီ"

"ဘာ!"

ဘာ ဟူသော စိုင်းရဲ့ အသံကြောင့် ၀သုန်သိမ့်ခနဲတုန်ချင်သွားသည် ။

"မင်း ငါကို ဘယ်ချိန်အိပ်မယ်လို့ ကတိပေးထားလဲ"

"ဟို ၁၂ နာရီ"

"အဲ့တာကို (၄)နာရီမှအိပ်တယ်။ အေးကောင်းတယ်။ နေဦး သင်တန်းကစာတွေပြီးပြီးလား"

"မ မ ပြီးသေးဘူး"

"ဘာ!၀သုန်မိုးသား မင်း ဘာသောက်လုပ်မှမလုပ်ပဲ ဘယ်လိုနေနေတာလဲ!ရက်ကပ်မှ ဟိုလူကယ်ပါဒီလူကယ်ပါလုပ်ဖို့တွေးနေတာလား!"

"မဟုတ်"

"ဒူးထောက် !"

"စိုင်း"

"ဒူးထောက်စမ်း ဝသုန်မိုးသား"

‌မွေ့ယာပေါ်မှာပဲ ဒူးထောက်လျက်သားနေကာ ခေါင်းငုံ့ထားလိုက်သည်။

obey me one shot CollectionOpowieści tętniące życiem. Odkryj je teraz