-မောင်က ကျွန်တော်ကို မုန်းတယ်-

8.1K 181 4
                                    

မောင်ကပြောတယ်
" ကျွန်တော်ကို မုန်းတယ် "တဲ့။

ကျွန်တော်ကတော့ မောင်ကို ခပ်ပြုံးပြုံးလေးပဲစိုက်ကြည့်တယ် ။ ကျွန်တော်စိုက်ကြည့်နေတော့ မောင်က ကျွန်တော်ကို ရွံ့ရှာ မုန်းတီးတဲ့ အကြည့်တွေနဲ့ ကြည့်လာခဲ့တယ်။

ကျွန်တော်ကတော့ မောင်ရှေ့မှာ cigaretteကို မာန်ပါပါခဲပြီး မှုတ်ထုတ်သောက်ပြလိုက်တယ်။
မောင်ကတော့ ကျွန်တော်ကို ရှုံ့ချတဲ့ အကြည့်တွေနဲ့ကြည့်နေဆဲ~~

ဒုတိယတစ်ခေါက် မောင် "ကျွန်တော်ကို မုန်းတယ်" လိုထပ်ပြောလာတယ်။
ဒီတစ်ခေါက်တေ့ာ ကျွန်တော်မောင် မျက်နှာကို ဖဲချပ်တွေနဲ့ပစ်ပေါက်ပလိုက်တယ်။

မောင်ရဲ့ပါးပြင်မှာ ဖဲချပ်ခြစ်ရာလေးတွေ စွန်းထင်ပြီး သွေးလေးတွေစိမ့်ထွက်လာချေသည်။
စိမ့်ထွက်လာ‌တဲ့ သွေးလေးတွေကို ကျွန်တော် လက်မနဲ့ဖိသုတ်ပြီး လျှာပေါ်ပွတ်ဆွဲသပ်ပြလိုက်သည်။

မောင်မျက်၀န်းတွေက ကျွန်တော်ကို အရူးတစ်ယောက်လို့သတ်မှတ်ကာစိုက်ကြည့်နေသည် ။
ကျွန်တော်ကတေ့ာ ထိုင်ခုံပေါ်ပြန်ထိုင်ပြီး မောင်ကို မေးထောက်ကာကြည့်နေလိုက်သည်။

တတိယအကြိမ် မောင်
"ကျွန်တော်ကို မုန်းတယ်" လို့ ပြောလာပြန်သည်။

ဒီတစ်ခေါက်က မောင်နာနာကျည်းကျည်းနဲ့ရော
ကြောက်ကြောက်ရွံ့ရွံ့နဲ့ပါ ပြောလာချေသည်။

ကြောက်ရွံ့စွာ‌စိုက်ငေးကြည့်ပြီး ငိုနေတဲ့ မောင်ကို ကျွန်တော်တစ်ချက်ပြုံးပြလိုက်သည်။ ထိုနောက် ပါးပြင်ပေါ်တစ်လှိမ့်ချင်းစီးကျနေတဲ့ မောင့်မျက်ရည်စက်တို့ကို ကျွန်တော်ရဲ့ သွေးစွန်းနေတဲ့ လက်ဖြင့်သုတ်ဖယ်ပေးလိုက်တော့ မောင့်ပါးပြင်မှာ သွေးတွေပေကျံသွားသည်။

"မောင် သွေးတွေနဲ့ အရမ်းလိုက်တယ်"

မောင်ကတော့ ကျွန်တော်ကို တုန်ရီစွာကြည့်နေဆဲ။
မောင်တုန်ရီစွာကြည့်မှာပေါ မောင်သိပ်ချစ်ရတဲ့ မိန်းမပျိုလေးကို ကျွန်တော်က သူအရှေ့မှာ နိဗ္ဗာန်ပို့ပေးလိုက်တာကို။

"မောင် မငိုစမ်းနဲ့ ။ မောင်ရဲ့ ကြင်သူလေးမရှိပေမယ့် ကျွန်တော်ရှိတယ်"

obey me one shot CollectionWhere stories live. Discover now