မမလက်ကို ဆွဲရင်း ထမင်းဆိုင်ထဲ ဝင်လာခဲ့သည်။ ဆိုင်ထဲက တစ်ယောက်ယောက် ကိုယ့်ကိုကြည့်နေရင်တောင် မကြည်ကြည့်နဲ့ ပြန်ကြည့်သည်။ ကိုယ့်စိတ်ကိုယ်မှ မလုံတာ။

မမနဲ့ကျွန်တော်စားဖို့အတွက် ထမင်း ဟင်းများမှာနေချိန် မမက သူ့ချစ်သူနဲ့ စာပို့နေသည်။

" ဒိတ်
မိုး မမကို vc ခေါ်နေတယ် "

" အင်း ကိုင်လိုက်လေ "

မမက ခေါင်းတစ်ချက် ညိတ်ပြသည်။

" Hello
ချစ် အပြင်ရောက်နေတာလား "

" ဟုတ်တယ် မိုး
ဒိတ်နဲ့အတူ ခြံထဲသွားမလို့ လမ်းမှာမနက်စာ ဝင်စားနေကြတာ "

" ဒိတ်ရော နေကောင်းလား "

မမက သူ့ဖုန်း ကျွန်တော့်ကိုပေးပြောသည်။

" hello မမမိုး နေကောင်းလား "

မမက စကားမှားမှာစိုးလို့ ထင်သည် ကျွန်တော့်ကို စိုက်ကြည့်နေ၏။

" ကောင်းတယ် ဒိတ်လေး
အဲ့မှာနေရတာ ပျော်လား "

" ဟုတ်ကဲ့ အဆင်ပြေပါတယ် "

" ဇာခြည့်ကိုလည်း သေချာကြည့်ထားပေးပါနော် မမဒီကိုရောက်နေချိန် တခြားသူ ဦးမှာစိုးလို့ "

အတတ်နိုင်ဆုံး စိတ်ကိုငြိမ်အောင်ထားပြီး မမကို မကြည့်မိအောင်နေသည်။ မမမိုး စိုက်ကြည့်နေပုံက ငါသိပါတယ်ဆိုတဲ့ အကြည့်တွေ။ ကျွန်တော် တံတွေးကို မြိုချနေမိသည်။ အာခေါင်တွေ ခြောက်လာတာကြောင့် အနားက ရေဗူးကို လှမ်းယူကာ ဖုန်းကို မမအား ပြန်ပေးသည်။

မမလည်း အတတ်နိုင်ဆုံး အဆင်ပြေအောင် ပြောနေပေမယ့် အနေထိုင်ရ အထိုင်ရ ခက်နေတယ်ထင်၏။ စကားကို တိုတိုပြတ်ပြတ်ပြောကာ ဖုန်းချလိုက်သည်။

.......................................................

" ဟာ မမဇာခြည်တို့ လာတယ်ဝေ့ "

သီဟက ပျော်ရွှင်နေသော လေသံဖြင့် တစ်ဖက်သို့ လှမ်းအော်သည်။ ကျွန်တော် ဆိုင်ကယ်ရပ်လိုက်တော့ မမက တဲဆီသို့ တန်းသွားသည်။ သီဟက ကျွန်တော့်အနားလာပြီး

" ဒိတ် "

" အင်း "

" ချစ်သူတွေ ဖြစ်နေကြပြီပေါ့ "

မမ ( Complete )Where stories live. Discover now