Part - 14

690 29 1
                                    

{Unicode & Zawgyi }
Unicode

လိုက်ရင်ပြေးနေတဲ့အချစ်နဲ့တွေ့ခဲ့ရင် ဆက်မလိုက်တော့ပဲ နေရာလေးမှာပဲညိမ်ညိမ်လေးရပ်နေပြီး
သူအလာကိုပဲစောင့်နေလိုက်တော့တယ်။
__________________________
Next Morning........

"သားရေ မေမေ့ကိုစျေးသွားဝယ်ပေးပါအုံး"

"ဟုတ်မေမေ"

"သားငယ်လေးက မေမေ့ဆီလာအုံး"

"ဟုတ် ကိုကိုတစ်ယောက်ထဲဖြစ်ပ့မလား"

"ဖြစ်ပါတယ်ရှင် လာပါ"

ခေါင်းငြိမ့်ပြလိုက်ကာ ဒေါ်ခင်စံပယ်ရဲ့မျက်နှာချင်းဆိုင်ခုံတွင် ရဲရင့်ဝင်ထိုင်လိုက်သည်။

"သားကြီးကိုမေမေက သူ့ဖေဖေမရှိတော့ထဲကအဖေလိုတစ်မျိုးအမေလိုတစ်မျိုးစောင့်ရှောက်လာခဲ့တာ။သားကြီးကအသက်သာကြီးတာ ကလေးစိတ်လေး တစ်ခါတစ်လေမေမေ့ကိုတောင်ပြန်ပြီးစိတ်ကောက်နေတာ စိတ်လဲဆက်သေး"

ရဲရင့် မေမေပြောတာသေချာနားထောင်နေမိသည်။မေမေပြောသလိုပဲစိတ်ကဆတ်ပါသည်။တစ်ခါတစ်လေ ပြန်မပြောနားမထောင်ကလုပ်သေးသည်။

"မေမေဘာလို့ သားကိုဒီအကြောင်းတွေပြောပြနေတယ်လို့ ထင်လဲ"

"သားမသိဘူး မေမေ"

ဒေါ်ခင်စံပယ်က ပြုံးကာ
"သားငယ်က သားကိုကိုသဘောကျနေတာမလား"

"ဗျာ"
ရဲရင့်တကယ်လန့်သွားသည်။လန့်တာထက်သဘောမတူမှာကိုပိုကြောက်မိသည်။

"မဗျာနဲ့ မေမေလဲငယ်ရာကနေကြီးလာတဲ့လူတစ်ယောက်ပါ;မေမေကအခြားလူတွေလို ယောကျာ်းလေးနှစ်ယောက်ချစ်တာကို ဝဋ်ကြွေးလို့မမြင်ဘူး သာမန်ချစ်ခြင်းတစ်ခုလို့ပဲမြင်တယ် ပြီးတော့
ဘုရားကဖန်ဆင်းပေးထားတဲ့ ချစ်ခြင်းတရားအသစ်လို့မြင်တယ်။မေမေပြောချင်တာက ဘယ်ပတ်ဝန်းကျင်ရဲ့စကားသံကိုမှဂရုစိုက်ပြီးနားမယောင်နဲ့သားတို့နှစ်ယောက်ရဲ့ပျော်ရွှင်မှုကအရေးကြီးတယ်
မေမေ့သဘောကရောဆိုရင်တော့ သားငယ်တို့ကိုမေမေကသဘောတူပါတယ်"

တကယ်ပါအခုလိုမျိုးသဘောတူလိမ့်မယ်လို့ကိုမထင်ထားခဲ့​​ပေ။ရဲရင့်ပျော်လွန်းလို့ မျက်ရည်တောင်ကျမိသည်။

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now