Part - 2

2K 82 2
                                    

{Uni/Zawgyi}
ကောင်မလေးတစ်ယောက် သူ့ရှိရာစာပွဲဝိုင်းကိုလာပြီး ဘာသောက်မလဲလာမေးသည်။သူကလဲ ကောင်မလေးကို သေချာစိုက်ကြည့်ပြီး

"မင်းတို့ဆိုင်ကပိုင်ရှင်နဲ့ ငါတွေ့ချင်တယ်"

အသံကခက်ထန်နေတော့ ကောင်မလေးလဲ မျက်နှာလေးညိုးငယ်ပြီးလန့်ဖြန့်ကာ ကြောက်နေရှာ၏။ထို့နောက် ကောင်မလေးကထစ်ထစ်ငေါ့ငေါ့ဖြင့်

"ဟို    ကျွန်  ကျွန်မဘာလုပ်မိလို့လဲ"

"မင်းဘာမှမလုပ်တာငါသိတယ် မင်းတို့ဆိုင်ကပိုင်ရှင်နဲ့စကားပြောစရာရှိလို့"

ထိုအခါမှ ကောင်မလေးလဲသက်ပြင်းချကာ မျက်နှာကချက်ချင်းဆိုသလို ဝင်းလက်သွားပြီး ချက်ချင်းပြန်ဖြေလာသည်။

"ဟုတ်ကဲ့ ခနစောင့်ပါ     ကျွန်မသွားခေါ်ပေးပါမယ်"

ခနကြာတော့   ဆိုင်ပိုင်ရှင်လို့ထင်ရတဲ့အမျိုးသမီးထွက်လာ၏။

ဝဏ္ဏလည်း ထိုအမျိုးသမီးကိုသေချာကြည့်လိုက်တော့ ခန့်မှန်းခြေအသက်က (25) လောက်ရှိပြီး ရုပ်ရည်အတင့်အသင့်ရှိသည်။ဝဏ္ဏလဲအကြည့်လွှဲကာ

"ခင်ဗျားက ဒီဆိုင်ပိုင်ရှင်လား။ကျွန်တော်က 'The King 'ကုမ္ပဏီက CEO ဝဏ္ဏမင်းမြတ်ပါ"

"အို  CEO ကိုယ်တိုင်ကတွေ့ချင်တော့ဆိုတော့ ဝမ်းသာတာပေါ့"

"ဒီမှာ စကားတွေအများကြီးမပြောချင်ဘူး ခင်ဗျားတို့ ဆိုင်က ဝန်ထမ်းဖြစ်တဲ့ "သျှားသံလွင်ဟိဏ်း"ဆိုတဲ့သူကို ကျုပ် ဒီဆိုင်ကိုလာတိုင်းသူ့ကို ကျုပ်ထိုင်တဲ့ဝိုင်းကို ကော်ဖီ လာချပေးခိုင်းလိုက်ပါ။"

"အယ် သျှားကိုလား ၊ အဲ့လိုတော့အဆင်မပြေလောက်ဘူးထင်တယ် ဆိုင်က လူများတော့ တစ်ယောက်တည်းကို အဲ့လိုလုပ်ပေးဖို့အဆင်မပြေလောက်ဘူး။"

ဝဏ္ဏစိတ်မရှည်စွာဖြင့်
(A/N - ရှင်ဘယ်တုံးကစိတ်ရှည်ဖူးလို့လဲ)

"အဆင်ပြေတာ မပြေတာ ခင်ဗျားအပိုင်း၊ကျုပ်ဘက်ကတော့ ဆိုင်လာတိုင်းသူ့လာချပေးတဲ့ ကော်ဖီပဲသောက်မှာ။"

ဆိုင်ပိုင်ရှင်အမျိုးသမီးလဲ လန့်ကာ

"အတက်နိုင်ဆုံး ဖြစ်အောင်လုပ်ပေးပါ့မယ်ရှင့်"

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now