Part-5

1.1K 44 0
                                    

အခုဆို ဝဏ္ဏ သျှားနဲ့နေသည်မှာ တစ်ပတ်ပင်ပြည့်ခဲ့သည်။ဘာမှတော့ထွေထွေထူးထူးမပြောင်းလဲသွားပါဘူး။ဝဏ္ဏစကားပြောရင်ပြန်ပြောတယ်၊သူ့အလုပ်သူလုပ်တယ်။တစ်ခါတစ်လေကျရင် ဝဏ္ဏကိုဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်ဘူး။ဝဏ္ဏတစ်ယောက်ကသာစကားအတင်းလိုက်ပြောနေရတာ။

"""ဟူးးးးး ငါလေးဘဝကလဲဆိုးလိုက်တာ၊တအိမ်ထဲနေတာတောင် လျစ်လျူရှုခံရတဲ့ဘဝလေး ကျွတ် ကျွတ်""" ဝဏ္ဏတစ်ယောက်စိတ်ထဲကနေညည်းညူနေသည်။

သျှားတစ်ယောက်အလုပ်ပိတ်ရက်မလို့ အိပ်ရထနောက်ကျခဲ့သည်။အခန်းထဲက ထွက်ထွက်ချင်း မျက်နှာရူးကောင်ရဲ့စကားကြောင့် ကြည်နေတဲ့စိတ်ကလေးတောင် ကြက်ပျောက်ငှက်ပျောက်

"ဒီနေ့ညနေသူ့သူငယ်ချင်းတွေလာလည်မှာမို့ ထမင်းနဲ့ဟင်းလေး ပြင်ဆင်ပေးပါလား"တဲ့

မျက်နှာမသစ်ကသေးလို့ သျှားဘာမှပြန်မပြောခဲ့ပေမယ့် သကောင့်သားက သျှားဆီကအဖြေမရမချင်း သျှားနောက်ကလိုက်လာ၏။သျှားလဲ ပြီးအေးရော ဆိုသည့်သဘောနဲ့ခေါင်းငြ်ိမ့်လိုက်တော့ သကောင့်သားက ကျေးဇူးတင်စကားပြောပြီး ထွက်သွားခဲ့သည်။

_______________________♥

ညနေ (၆)နာရီရောက်တော့လာပြီ  သူ့သူငယ်ချင်းဆိုတဲ့လူတွေရောက်လာသည်။သူငယ်ချင်းလို့မပြောရဘူး အကုန်လုံးကသူ့လိုပဲမျက်နှာရူးတွေ။လူကိုစတွေ့ထဲကစပ်ဖြီးဖြီးနဲ့။ သူတို့ရောက်တော့ သျှားလဲဟိုမျက်နှာရူးကောင်ကို သွားခေါ်ပြီး အခန်းထဲဝင်မည်အလုပ် သူ့လက်ကိုလှမ်းဆွဲလိုက်သည့် လူကြောင့်ခန္ဓာကိုယ်လေးတောင့်သွား၏။တစ်ဆက်ထဲ

"ဘယ်သွားမလို့လဲ အသေးလေး၊ကျွန်တော်တို့နဲ့တူတူထမင်းလာစားလေဗျ"

"ငါ့လက်ကိုလွှတ်  မစား......."

"မရဘူး လာစား"

အော်လိုက်တာလဲမဟုတ်၊အမိန့်ပေးသလိုလဲမဟုတ်ပေမယ့် သူ့အသံက သာမာန်ထက်နဲနဲ ခက်ထန်နေ၏။သျှားလဲလန့်ကာ

"လာစားရင် ရပြီမလား ငါ့လက်ကိုလွှတ်တော့"

သူတို့ (၅)ယောက် ထမင်းတူတူစားဖြစ်ခဲ့ကြသည်။တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်းကို ဝဏ္ဏကဖြိုခွင်းလိုက်၏။

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now