" မင်းထက် ငါ့မမနှုတ်ခမ်းဖူးဖူးလေးက ပိုလှတယ်ကွ ဟား ဟား "

မမက ကျွန်တော်ကြည့်သောနေရာကို လှည့်ကြည့်သည်။

" ဒိတ် ဘယ်သူနဲ့ ဘာတွေပြောနေတာလဲ "

" နှင်းဆီဖူးလေးလေ သူ့ကိုယ်သူ အရမ်းလှတယ်ဆိုပြီး မာန်တက်နေတာ အခုမမနှုတ်ခမ်းလေးကို မနှိုင်းယှဥ်နိုင်လို့ ဟိုဘက်လှည့်နေလေရဲ့ "

" ဒိတ်ကတော့လေ တကယ်ကို မနိုင်ဘူး သူ့ဘာသာသူ ဟိုဘက်လှည့်ပွင့်နေတာပါ "

" အရမ်းလှတဲ့ နေဝင်ချိန်တောင် မတွေ့တော့ပါလား သူ့ဘက်လှည့်မှာစိုးလို့ ပြေးပြီထင်တယ် "

" ဒိတ်ကတော့ကွာ "

မမက ပျော်ရွှင်ကြည်နူးပြီး ရယ်မောနေတာကြောင့် ကျွန်တော်စိတ်ချမ်းသာရသေးသည်။ ဒီလိုလေးပဲ အမြဲပြုံးနေပါ မမ ဘယ်သူ့ကြောင့် ဖြစ်ဖြစ်ပေါ့။

အချစ်သီချင်းလေးတွေကို ဆူညံနေအောင်ဖွင့်ထားရင်း နှစ်ယောက်အတူတူ ကခုန်လိုက် မောနေရင် ဘီယာလေး ဖောက်သောက်လိုက်နဲ့ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ပါ။

..........................................................

" သေချာလို့လား အာကာရယ် မမရင်မောလိုက်တာ တကယ်သေချာလို့လား "

" လုံးဝသေချာတယ် မမမိုး
သူတို့နှစ်ယောက် တွဲနေကြပြီ ညနေကတည်းက စိတ်ထဲမရှင်းဖြစ်နေလို့
အခုသူတို့အိမ်နား သွားကြည့်တော့ ပွေ့ဖက်နမ်းနေကြတယ် "

" ဟုတ်ပါပြီ အာကာရယ်
ဒီကိစ္စဘယ်သူ့ကိုမှ မပြောပါနဲ့နော် ဒါနဲ့မင်းအပြင် ဘယ်သူသိသေးလဲ "

" တစ်မြို့လုံးသိတယ် မမ "

" ဟင် "

ဒီလောက်တောင်လား သူသိပ်ချစ်တဲ့ မိန်းကလေးက တခြားသူရင်ခွင်မှာ ပျော်နေပြီဆိုတာ တကယ်လား။ အနေဝေးလို့ ခဏတာ စိတ်ကစားတာမျိုးလည်း ဖြစ်နိုင်သည်။

ကျွန်မသိပ်ချစ်တဲ့ ဇာခြည်က ဒီလိုဖောက်ပြန်ခြင်းမျိုးတွေ သိပ်မုန်းတတ်သူဖြစ်တာကြောင့် ဒါဟာ လူတွေအထင်လွဲမှားမှု ဒါမှမဟုတ်ရင် ခဏတာ စိတ်ကစားခြင်းသာ ဖြစ်လိမ့်မည်။

" ဟယ်လို မမမိုး "

" သြော် အာကာ အင်းအင်း
ပြောပြပေးလို့ ကျေးဇူးပါပဲနော် ဒီကိစ္စတွေ မမသိတယ်ဆိုတာ သူ့ကိုမသိစေချင်ဘူး "

" ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ် ဒါဆို ဖုန်းချတော့မယ်နော် မမမိုး "

" အင်းအင်း "

ကျွန်မ မသိသလို ဆက်ပြီးဟန်ဆောင်နေရပါမည်။ ဇာခြည်အနေအထိုင် မခက်စေဖို့အတွက် မသိသလို ဟန်ဆောင်နေပေးမည်။ အရင်လိုပဲ ချစ်တယ်လို့ ဆက်ပြောနေပါ ဇာခြည်။

မင်းနှုတ်က ထွက်တဲ့စကားကို တစ်လောကလုံးစကားထက် ပိုပြီး ယုံကြည်ပါတယ်။ လိမ်မယ်ဆိုလည်း ဒီအတိုင်းလေး ချစ်တယ်လို့ ဆက်လိမ်ပေးပါ။ ဖောက်ပြန်နေသလားလို့ မမေးတော့ပါဘူး အမှန်အတိုင်းဖြေခဲ့ရင် အသဲကွဲရမှာ ကိုယ်ပဲမဟုတ်လား။

အို......
ငါက သူများစကားတွေ နားယောင်ပြီး သူ့အပေါ်မယုံသလို သံသယအတွေး တွေးနေမိပါလား။ ခွင့်လွှတ်ပါ ဇာခြည်။
မင်းပြောစကားပဲ အပြည့်အဝယုံကြည်တယ်။

.......................................................

နှစ်ယောက်သား မောမောပမ်းပမ်းနဲ့ အိပ်ယာပေါ် ခြေပစ်လက်ပစ် လှဲနေကြသည်။ အသက်ကို ဝအောင် မှန်မှန်ရှူရင်း

" ကြယ်တွေထွက်ကြည့်ကြမလား "

" ဒိတ်သဘောလေ "

" ထွက်ကြည့်ရမှာ ပျင်းလိုက်တာ "

" မမရောပဲ "

နှစ်ယောက်သား သမ်းဝေရင်း အပျင်းဆန့်ရင်း မျက်တောင်များ စင်းကျလာသည်။

" မမ အိပ်ချင်နေရင် အခန်းပြန်တော့လေ "

" မင်းငါ့အခန်းထဲသွားအိပ် ငါမထနိုင်တော့ဘူး "

" ကျွန်တော်လည်း မထချင်တော့ဘူး အိပ်ပြီ "

လေးလံနေသော မျက်ခွံများကို မှိတ်ချလိုက်ရင်း စိတ်ထဲကနေ မမနှဖူးလေးကို အနမ်းဖွဖွပေးလိုက်သည်။ လက်တွေ့မှာတော့ နှစ်ယောက်သား မထနိုင်တော့ပါ။

မနက်ရောက်လို့ ကျွန်တော်အရင်နိုးရင်တော့ မမနှဖူးကို အနမ်းဖွဖွ တဝကြီး ပေးလိုက်အုန်းမည်။ ချစ်သူအနားရှိနေသည်မှာ အိပ်စက်ရတာ ပိုပြီးနှစ်ခြိုက်သလို ရှိလှသည်။

ဆက်ရန်.........

မမ ( Complete )Where stories live. Discover now