"ငါနဲ့သူငယ်ချင်းလုပ်မလား"

ဟယ်ချန်းမေးခွန်းကိုမာ့ခ်ကဘာမှမထူး
ဆန်းသလိုကြည့်ပြီး

"ငါတို့ကအစကတည်းကသူငယ်ချင်းတွေ
မဟုတ်ဘူးလား ဟယ်ချန်းနီးရဲ့"

"အမ် ဟုတ်လား"

နေစမ်းပါဦး လွန်ခဲ့တဲ့သုံးပတ်က"မင်းကငါ့
သူငယ်ချင်းမဟုတ်ဘူး"လို့ပြောခဲ့တဲ့မာ့ခ်
ကဘယ်ရောက်သွားတာလဲ

"ဟယ်ချန်းနီး မင်းနားမလည်တဲ့စာတွေရှိ
ရင်ငါ့လာမေးနော် ငါရှင်းပြပေးမယ်"

ဖရဲသီးအစွမ်းအံ့မခန်းဟ...

ဒါပေမယ့်စာနဲ့ဆိုနည်းနည်းမှမတည့်တဲ့
ဟယ်ချန်းအတွက်တော့ဒီနည်းနဲ့ရိုကြဖို့ရာ
မဖြစ်နိုင်ပါဘူး ဘယ်လောက်ကြိုက်ကြိုက်
စာနဲ့ပတ်သက်လာရင်တော့ဟယ်ချန်းနီး
သည်းမခံနိုင်ပါဘူးနော်

"ငါ့ကိုခင်တယ်ဆိုစာပြပေးဖို့ထက် ငါနဲ့အ
တူဂိမ်းဆော့ပါ့လား မင်းကိုပရိုတစ်ယောက်
ဖြစ်ဖို့ငါကူညီမယ် မာကောလီ..."

ဂိမ်းအကြောင်းပြောလိုက်တော့မာ့ခ်မျက်
နှာကချက်ချင်းညှိုးကြသွားတယ် ပြီးတော့
မတရားခံခဲ့ရတဲ့အတိတ်ကိုပြန်တွေးသလို
လေသံနဲ့

"ငါကကွန်ပျူတာဂိမ်းတွေဆော့တဲ့နေရာမှာ
မကျွမ်းဘူးကွ"

"ငါသင်ပေးမယ်လေ လုံးဝဆရာကြီးဖြစ်
သွားစေရမယ် ဆော့မလား ဆော့စမ်းပါ
ကွာ"

"အင်း ဆော့ကြတာပေါ့"

ဟယ်ချန်းရဲ့စိတ်အားထက်သန်နေမှု
ကြောင့်ခေါင်းညိမ့်လိုက်တယ် ငြင်းလိုက်
လို့စိတ်ဆိုးသွားရင်ဖရဲသီးမစားရဘဲနေ
လိမ့်မယ်

...

မာကောလီက သူကွန်ပျူတာဂိမ်းဆော့တဲ့
နေရာမှာမကျွမ်းဘူးလို့်ပြောခဲ့တာကိုဟယ်
ချန်းလက်မခံပါဘူး တကယ်တော့မာကော
လီကညံ့ကိုညံ့တာပါ

"Hey bro!I got u!I got u!"

ဘေးခုံမှာထိုင်ရင်းအော်ချင်တာတွေအော်
နေတဲ့မာ့ခ်ကိုဟယ်ချန်းလွှတ်သာထား
လိုက်တော့တယ် တခြားသူသာဆိုအော်
ဆဲပြီးနေပြီ Crushဖြစ်နေလို့သာစိတ်ထိန်း
ထားရတာ

With LoveWhere stories live. Discover now