UNICODE.
Intro
မင်းရဲ့နှလုံးသားက သူအလိုချင်ဆုံးအရာတစ်ခုရှိလာပြီဆိုရင် အကျယ်လောင်ဆုံးဟစ်ကြွေးပြီးတော့ မင်းကိုအသိပေးလိမ့်မယ့်
အဲ့တာကိုနှလုံးခုန်သံလို့ခေါ်တယ်
အဲ့ဒီနှလုံးခုန်သံက သူအလိုချင်အတောင့်တဆုံးအချိန်မှာတစ်ကြိမ်ပဲဖြစ်ပေါ်ပြီးတော့ သူလိုချင်တဲ့အရာကလည်း တစ်ခုတည်းပဲတဲ့
နှလုံးခုန်သံကြားဖူးပြီလား?
သူဘာပြောလဲ?
နှလုံးသားကပြောလာတဲ့ သူ့လိုအပ်ချက်အကြောင်းအရာကို သေချာနားထောင်ပေးဖို့လိုတယ်နော်
နှလုံးခုန်သံတွေရဲ့ညွှန်ပြရာကို ငြင်းဆန်ခဲ့မယ်ဆိုရင် နှလုံးသားက မင်းကို ဒဏ်ခတ်လိမ့်မယ်...........
############
စည်းချက်မှန်မှန်ခုန်နေသေးသော နှလုံးတစ်စုံနှင့်အတူ မျက်ဝန်းအစုံက ခပ်ဖြည်းဖြည်း ပွင့်ဟလာသည်။အခန်းအတွင်းသို့ လိုက်ကာစဖြူဖြူများကြားမှဖြတ်သန်းကာ ထိုးကျနေသည့်အလင်းစူးစူးကြောင့် မျက်လုံးတို့ကိုမှေးကျဥ်းလိုက်၏။အစားမမှန်အအိပ်မမှန်ဖြစ်နေခဲ့သော သူ့ခန္ဓာကိုယ်တစ်ခုလုံးက အားအင်မလုံလောက်စွာပင်ပန်းနွမ်းလျလျက်။မွေ့ယာဖြူဖြူစောင်ဖြူဖြူတို့ကြားတွင် သူကပို၍ဖြူဖျော့လို့နေသည်။နှလုံးအစုံကိုဗဟိုထားလျက် ဖော်ပြ၍မရနိုင်သောဝေဒနာတို့က သူကိုနှိပ်စက်နေဆဲ။စိတ်အစဥ်ကလေးလံနေဆဲ။ရင်တွင်းတစ်နေရာ၌တွင်လည်းတင်းကျပ်ပိတ်ဆို့လို့နေဆဲ။မျက်လုံးနှစ်လုံးပွင့်ကာနိုးထလာသည်နှင့် မကောင်းလှသည့်ခံစားချက်များကသာ သူ့ကိုဆီးကြိုနေပါ၏။
ဒီလိုမနက်ခင်းတွေနဲ့နိုးထခဲ့ရတာဘယ်လောက်တောင်ကြာပြီလဲ.....
ခုတင်ဘေးဘက်ခြေရင်းကျကျနံရံပေါ်ရှိ ပြက္ဒိန်အားလှမ်းကြည့်လိုက်သည်။ဒီနေ့......ဒီနေ့ဆိုရင် နှစ်လကျော်လာခဲ့ပြီ။အပြင်ကိုမထွက်ဘဲ အခန်းအောင်းနေခဲ့တာလည်း နှစ်လနီးနီးရှိရော့မည်။သူသည် ခြုံစောင်အတွင်းမြုပ်ဝင်နေသောလက်တစ်ဖက်အား အပြင်သို့ထုတ်လိုက်ကာ သူ့အပေါ်သို့ကျနေသော နေရောင်တို့ကို ထိတို့ဆုပ်ကိုင်ရန်ကြိုးစားလိုက်သည်။သေသောသူသည် ပြန်ရှင်မလာရိုးရှိသည့်လောကနိယာမအတိုင်း နေရောင်တို့ကိုလည်းသူဖမ်းဆုပ်၍မရခဲ့။နေရောင်၏ အနွေးဓာတ် ငွေ့ငွေ့မျှကိုသာ သူခံစားရပါ၏။
YOU ARE READING
HEARTBEAT (Completed)
FantasyJUST AN ENTERTAINMENT FOR YOUR BORING TIME. JUST A FANTASY. Knyait.
