Santa Claus is coming to me

415 49 21
                                    

ဆယ်ကျော်သက်မှာ လူတိုင်း ရင်ခုန်ဖူးတယ် မဟုတ်လား။
အချစ်ဦးဆိုတာ နာမည်ကြီးတဲ့ စီနီယာ အစ်မကြီးလည်း ဖြစ်နိုင်တယ်။
ကျောင်းရဲ့ အလှဘုရင်မလည်း ဖြစ်နိုင်တယ်။
ရပ်ကွက်ထဲက ထက်ထက်မြက်မြက် မိန်းကလေးလည်း ဖြစ်နိုင်တယ်။

ကျနော် ဒီအတိုင်း ချစ်မိရုံပါပဲ။
ကျနော် ချစ်မိတာ ဘေးအိမ်က အေးစက်စက် မတုန်မလှုပ် ကောင်ကိုလေ။

ဘယ်နှနှစ်ကလဲ ဟုတ်လား။
ဖြေရင် ခင်ဗျားတို့ မရယ်နဲ့ဗျာ။

သူ့အသက်ရှစ်နှစ်၊ ကျနော့်အသက် ရှစ်နှစ်။

.

.

.

.
မှတ်ဉာဏ်ထဲကနေ တစ်ယောက်ယောက်ကို ဖယ်ကြည့်ချင်တဲ့အခါ သူနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေ အစီအရီ ပေါ်လာတာကိုက အတိတ်မှာ ပိတ်မိခြင်း ခေါ်တာ မဟုတ်လား။

☃️☃️☃️🌲☃️🌲🌲🌲🌲☃️☃️☃️🌲🌲🌲🌲

"1...2...3...4"

"1...2...3...4"

လွယ်အိတ်ကို ခေါင်းပေါ်တင်ပြီး ကျောင်းကွင်းတစ်ပတ် သံပြိုင်ခုန်နေကြရပြီဆို သိလိုက်ပါပြီ။
အဲ့တာ ကျနော်တို့ နှစ်ယောက်ပါပဲ။ ရယ်ကျဲကျဲ ပြုံးပြလာသည့် သူ့အပြုံးကို မျက်စောင်းဖြင့် အလိုအလျောက် တုန့်ပြန်လိုက်သည်။ နှုတ်ခမ်းကို အလိုမကျစွာ ဖိကိုက်ထားလိုက်ပြန်သည်။

ကျောင်းနောက်ကျခြင်းနှင့် ဖားခုန်ခုန်ရခြင်းသည် တစ်ပတ်တွင် သုံးရက်နီးပါး နောက်ကျတတ်သော ကျနော်တို့အဖို့ မဆန်းလှပါ။ ဆန်းသည်က သူ့ကြောင့် နောက်ကျခြင်းကြောင့် ဖြစ်သည်။

"ညနေကျ မင်းကြည့်ချင်တဲ့ရုပ်ရှင် လိုက်ပြပါ့မယ်"

အသံတိုးတိုးကလေးဖြင့် သူက ပြောရှာလေသည်။

‌ကျောင်းအုပ်ဆရာကြီး၏ "ဟေ့ကောင်တွေ"
မဆုံးခင် ကျနော်တို့

"1...2...3...4

1...2...3...4"

ကို အပြန်အလှန် ရယ်မောက သံပြိုင် အော်ဟစ်လိုက်ကြသည်။

ကျနော့်ကြောင့် နောက်ကျသည့် ရက်များတွင် သူသည် ပြုံးကာရယ်ကာရှိသလောက် သူ့ကြောင့်နောက်ကျသည့်ရက်တွေတွင် ကျနော်သည် စိတ်ကောက်တတ်ပါသည်။ ချော့တာကို ကျနော်နားမလည်သလို သူလည်း နားမလည်ပါ။ သို့သော် တစ်နည်းနည်းဖြင့် ကျနော် စိတ်ဆိုးပြေအောင် အလိုလိုက်ပါလိုက်မည်။

Santa Claus is coming to me (Christmas One Shot)Where stories live. Discover now