ဆိုးသွမ်းတဲ့ Mr.Grey

77 3 0
                                    

Luo WenZhou သည်စကားပြောနေရင်းတစ်ဝက်မှာပင်အိပ်ပျော်သွားခဲ့လေသည်။ FeiDu သည် LuoWenZhou ၏လက်ကိုလျင်မြန်စွာဖမ်းကိုင်လိုက်ပြီးကော်ဖီခွက်ကလေးမြေပေါ်ကျကွဲသွားရမည့်အဖြစ်အားကယ်တင်ပေးလိုက်သည်။ ကော်ဖီခွက်အားအဝေးသို့ရွှေ့ထားလိုက်ပြီးနောက် LuoWenZhou ၏လက်မောင်းကိုပို၍သက်သောင့်သက်သာရှိမည့်အနေအထားသို့ပြောင်းပေးလိုက်သည်။

ထိုသူ၏(LWZ) မျက်ခုံးကအနည်းငယ်တွန့်ချိုး၍နေ၏။ မျက်ခွံနှစ်ခုလုံးသည်လည်းယခုအခါတွင်အရစ်သုံးခုမကရှိနေပြီဖြစ်သည်။ ပုံမှန်ဆိုလျှင်ရှင်းသန့်နေလေ့ရှိသောမေးစေ့တွင်ထိုးထိုးထောင်ထောင်အမွှေးကလေးများအနည်းငယ်ကဖုံးကွယ်လျက်ရှိကာသွယ်လျသည့်မျက်နှာအားပို၍ပင်ကျဉ်းမြောင်စေသည့်ဟန်ပေါ်နေလေသည်။
(၄၈)နာရီလုံးလုံးအဆက်မပြတ်စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရပြီးနောက်တွင်ကောင်းကင်ဘုံမှနတ်သမီးဖြစ်လျှင်တောင်တောက်တောက်ပပဖြစ်နိုင်တော့မည်မဟုတ်။
သို့သော်လည်းပင်ပန်းနွမ်းနယ်၍ဖိုသီဖတ်သီဖြစ်နေသောပုံစံမှာတစ်နည်းနည်းဖြင့်ထိုသူကကြည့်ကောင်းသင့်လျော်နေပေ၏။ ၎င်းကထူးဆန်းစွာဖြင့်သူ့အားအရွယ်ရောက်ပြီးသောယောက်ျားတစ်ယောက်၏စိတ်မကြည်မသာဖြစ်နေသောပုံစံမျိုး‌ပေါ်လွင်‌နေစေသည်။ တွေ့မြင်နေကျရွှန်းရွှန်းဝေစကားဆိုတတ်သော playboy တစ်ယောက်၏ပုံစံမျိုးပျောက်ကွယ်သွားသောအခါစဉ်းစားသုံးသပ်စွာလုပ်ကိုင်နိုင်မှုနှင့်တည်ကြည်လေးနက်စွာရှိမှုတို့ကပေါ်ထွက်လာပါ၏။

စားပွဲခုံကိုမှီထားရင်း FeiDu သည် LuoWenZhou ၏မေးစေ့ကိုလက်နှစ်ချောင်းဖြင့်ထိကိုင်ကာမျက်နှာကိုသူရှိရာဘက်သို့လှည့်စေသည်။ RuKiln မှတရုတ်ပြည်၏တန်ဖိုးကြီးအရာတစ်ခုကိုခံစားကြည့်ရှုနေသောရှေးဟောင်းပစ္စည်းစုဆောင်းသူတစ်ဦးကဲ့သို့ အချိန်တစ်ခဏမျှကြာအောင်ထိုသူအားစေ့စပ်စွာကြည့်နေမိလေသည်။ နောက်ပြန်ဆုတ်၍မတ်တပ်ရပ်ကာတိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။ ဒီမျက်နှာကသူ့ရင်ထဲထိသွားသည်ကိုတော့သူကိုယ့်သူဝန်ခံရပေလိမ့်မည်။

ထိုအချိန်တွင် သူမ၏ခြေထောက်များကခွေးသေတစ်ကောင်၏ခြေထောက်များကဲ့သို့လေးဖင့်လျက်ရှိနေသည့် LangQiao တစ်ယောက်ဇွတ်တရွတ်ဖြင့်ဝင်လာလေသည်။ သူမအနေဖြင့် လမ်း၏မည်သည့်နေရာတွင်မဆို လှဲလျောင်းနိုင်ပြီး လက်ဖျောက်တစ်ချက်အတီးတွင်အိပ်ပျော်သွားနိုင်သည်ဟု သူမကိုယ်သူမတွေးထင်နေမိ၏။ သို့သော်ထိုအရာကယခုသူမမြင်နေရသည့်အရာကိုမမြင်ရသေးမှီအချိန်ကဖြစ်ပေသည်။ ယခုအခါသူမခေါင်းထဲအပြည့်ရှိနေသောအိပ်ချင်စိတ်များကရှော့ရမှုကြောင့်ကစဉ့်ကလျားပြေးထွက်ပျောက်ကွယ်ကုန်ပြီဖြစ်ပါ၏။ Fifty-shades of Grey နှင့်ထိုကဲ့သို့သောအရာများဖြစ်သည့်သူမဘဝတွင်ဖတ်ဖူးခဲ့သည့်အရာများကယခုအခါသူမမျက်စိရှေ့တွင်အစီအရီလှည့်လည်ပေါ်ပေါက်နေပေတော့သည်။ သူမသည်ရုံးခန်းအဝင်ဝတွင် zombie တစ်ကောင်ကဲ့သို့တောင့်ခဲလျက်ရှိကာအမျိုးသမီးရဲဘော်ကလေးသည်အလွန်မှင်သက်အံ့ဩလျက်ရှိနေပေတော့သည်။

ဆိုးသွမ်းသည့် Mr.Grey ကတော့ကပျာကသီဖြစ်သွားခြင်းမျိုးလုံးဝမရှိပေ။ သူသည်သူမဘက်သို့မျက်လုံးမှိတ်ပြကာလျှို့ဝှက်ဆန်းကြယ်သောအပြုံးတစ်ပွင့်ဖြင့်သူ့နောက်မှအစားအစာထည့်ထားသောအိတ်ကြီးကိုညွှန်ပြကာသူမကိုယ်တိုင်ယူရန်အချက်ပြလေသည်။ ထို့နောက် LuoWenZhou သောက်ထားသည့်ကော်ဖီခွက်ကိုကောက်ယူကာ တစ်ငုံသောက်လိုက်ပြီးအေးအေးဆေးဆေးဖြင့် လမ်းလျှောက်ထွက်သွားလေတော့သည်။

                        _🌻🌻🌻🌻🌻_

Oriana's Note_

ဒီလိုဒီလိုကစပြီး မမတစ်ယောက် အထင်မှားခဲ့လေသတည်းပေါ့.....🤣

မမက XiaoDuDu ကိုလုံးဝထင်နေတာ...ဟားဟားဟား.......

LuoWenZhou : (ノ`⌒´)ノ┫:・┻┻

💥အမှားတစ်စုံတစ်ရာရှိခဲ့ပါက Oriana ၏အမှားသာဖြစ်ပါသည်။

默读 // MoDu _ (Moments)Where stories live. Discover now