လက်ထပ်ဖို့အသက်ပြည့်ရန် ၂ လလို

111 3 0
                                    

သူမကကျေးဇူးတင်ကြောင်းမပြောရသေးခင်မှာပင် ဧည့်သည်၏လက်ကိုင်ဖုန်းသည် နှစ်ကြိမ်ခန့်တုန်ခါသွားသည်။ သူမလည်းပြောမည့်စကားများကိုပြန်လည်မြိုသိပ်လိုက်ပြီးဖုန်းကိုကြည့်ရန်အတွက်ပြုံး၍အမူအရာပြလိုက်လေသည်။

FeiDu သည်တောင်းပန်သည့်အမူအရာပြလိုက်ပြီးနောက်သူ၏ဖုန်းတွင်မက်ဆေ့အသစ်(၂)ခုကိုတွေ့လိုက်ရသည်။

ပထမတစ်ခုကအင်မတန်တိုတောင်း‌လေသည်။

"ကျေးဇူးပါ "

ဒုတိယတစ်ခုမှာအသံဖိုင်နှင့်တွဲလျက်ဖြစ်ပြီးစာသားမှာ။

"လောကဝတ်အရလိုအပ်တဲ့အပေးအယူ  "

FeiDu ကနား နားကပ်၍နားထာင်လိုက်ရာတွင်။

"မင်းကမိန်းမပျိုတစ်ယောက်လို့ယူဆတယ်ဆိုပါတော့... ငါနဲ့ FeiDu မှာ ဘယ်သူ့ကိုလက်ထပ်ချင်လဲ။ တခြားယောက်ျားတွေအားလုံးလည်းသေပြီ။ ငါတို့နှစ်ယောက်ဘဲ "

" ဒါဆိုလည်း မင်းဘဲပေါ့ "

"မင်းငါ့ကိုရွေးတယ်ပေါ့။ မင်းသေချာပါတယ်နော်"

" FeiDu က‌လက်ထပ်လို့ရမဲ့အသက်ပြည့်ဖို့နှစ်လလောက်လိုနေသေးတာကို "

FeiDu : … … …

သူမသည် FeiDu ကိုဂရုတစိုက်ဖြင့်ကြည့်လိုက်သည်။ ထိုခဏတွင်လူငယ်လေး၏မျက်နှာ၌ပုံမှန်တွေ့မြင်နေကျမဟုတ်‌သော ငယ်ရွယ်ဖျတ်လတ်မှုတို့ကိုထင်ဟပ်စေသည့်ပြောစကားမဲ့စွာဖြင့်စိတ်ဆိုးသွားသည့်ဟန်များဖြတ်ပြေးသွားသည်ကိုတွေ့ရှိလိုက်ရလေသည်။ ထိုတွေ့ရှိမှုက သူမအတွက် အံ့ဩလောက်စရာပင်။

                      🌻🌻🌻🌻🌻

Note // သူမ - FeiDu နဲ့တွေ့နေကျစိတ်ပညာရှင်အားရည်ညွှန်းသည်။

默读 // MoDu _ (Moments)Where stories live. Discover now