3

3.8K 449 18
                                    

Unicode

ရှောင်းကျန့် တစ်ယောက် ဒေါသထွက်ရလွန်းလို့ အသက်တောင် တိုတော့မည်။

အကြောင်းရင်းက ဝမ်ရီပေါ် ဟာ ရှောင်းကျန့် ကို လျစ်လျူရှူ့နေလို့ပါဘဲ။

မုန်းတဲ့သူဆီက လျစ်လျူရှူ့ခံရလို့ မခံမရပ်နိုင် ဖြစ်နေတာ ဘယ်သူလဲ ဆိုရင် သေချာပေါက် ရှောင်းကျန့် ကို ပြရမှာဘဲ။

အလုပ်သစ်ထပ်ရသွားသည့် ဝမ်ရီပေါ်ဟာ အခု သူအလုပ်လုပ်သည့် ဆိုင်မှာ စားပွဲခုံတွေကို လိုက်သုတ်နေသည်။

မနေနိုင် မထိုင်နိုင်သည့်သူက ဝမ်ရီပေါ်ရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့၏။

သူ့ကို လုံးဝမကြည့်ဘဲ အလုပ်ဘဲလုပ်နေသည့် ဝမ်ရီပေါ်ကြောင့် ရှောင်းကျန့် ဟာ စနက်တံ ပြုတ်တော့မည့် ဗုံးလေးလို ဖြစ်လာတော့သည်။

" ချောကလက် ကိတ်မုန့်စားချင်တယ် "

ရှောင်းကျန့် ဟာ ဝမ်ရီပေါ် ကို တည့်တည့်ကြည့်ကာ ပြော၏။

ရှောင်းကျန့်ပြောသည်ကိုကြားသော်လဲ ...

ရှောင်းကျန့် ကို လှည့်မကြည့်ပေမဲ့ ဝမ်ရီပေါ်ဟာ ကိတ်မုန့်လုပ်ရန်  မုန့်လုပ်ရာ နေရာသို့သွားလိုက်၏။

---------

" မင်း ငါ့ကို ဘယ်လိုတွေ ဆက်ဆံနေတာလဲ "

စားပွဲပေါ် ကိတ်မုန့်လာချပေးသည့် ဝမ်ရီပေါ် အား ရှောင်းကျန့် က မကျေမနပ်ပြော၏။

ဘယ်လိုတွေ ဆက်ဆံရမှာလဲ ။

ကိုယ့်ကို မုန်းပါတယ်ဆိုတဲ့ သူအနား က ခပ်ဝေးဝေး နေတယ်လေ။

ကိုယ့်ကိုမြင်ရရင် မင်းဘဲ စိတ်ဆင်းရဲ ဒေါသထွက်နေရတယ်လေ အချစ်ရယ်...

ထိုစကားများကို စိတ်ထဲကသာ ပြောဖြစ်၏။
အပြင်မှာသာ ထုတ်ပြောမိရင် ဒီနေရာမှာတင် ပြသာနာထပ်ဖြစ်ပြီး အလုပ်ထပ်ပြီး ပြုတ်သွားနိုင်သည်။

" မေးနေတာ ဖြေလေ "

" ကောင်းကောင်းစားပါ "

ခွမ်း...

ဝမ်ရီပေါ် က ပြောပြီးလှည့်အထွက် ရှောင်းကျန့် က ချောကလက် ကိတ် ပန်းကန်လေးကို ပစ်ချလိုက်ခြင်းဖြစ်သည်။

𝐂𝐡𝐨𝐜𝐨𝐥𝐚𝐭𝐞  𝐓𝐫𝐚𝐩 (completed )Where stories live. Discover now